LMSA Extra

44K 2.1K 68
                                    

Unicode

" ​မောင် "

" ဗျာ ​မောင့်ပူတူး​လေးဘာလိုချင်လို့လဲ "

" ၆လပိုင်းထဲကျရင် သားတို့ကို ​ကျောင်းထားရ​တော့မယ်​နော်။ ဘယ်​ကျောင်းကို အပ်ရင်​ကောင်းမလဲ "

" Private school မှာပဲ ထားရ​အောင်​လေ။ တခြား​နေရာ​တွေဆိုရင် ​မောင်တို့သား​လေး​တွေကို ၀ိုင်းနှိမ်ကြလိမ့်မယ် "

" Private school ​တွေက​ရော သားတို့က ဘယ်သူ​တွေက​နေ​မွေးလဲဆိုတာ သိသွားရင် မနှိမ်မှာကျလို့ပဲ "

" အင်း မနှိမ်တဲ့​နေရာ တစ်​နေရာ​တော့ရှိတယ် "

" မောင့်အသိ​ပိုင်တဲ့​​ ကျောင်းလား ။ ​​ဒါဆို မနက်ဖြန်ကျရင် သွားအပ်ထားရ​အောင်​လေ "

" ​မောင့်အသိပိုင်တဲ့​ကျောင်းမဟုတ်ဘူးခက်ရဲ့ ။ ​အဲ့ဒီ​ကျောင်းက K.S Company က CEO ဖွင့်ထားတဲ့​ကျောင်း "

" K.S Company ... ကြားဖူး​နေသလိုပဲ "

ခက်ရဲ့ ဦးနှောက်ကို ခဏ​လောက်အလုပ်​ပေးပြီး​တော့

" ​မောင့် ...​ မောင်ဖွင့်ထားတာ​ပေါ့ ဟုတ်လား ။ ဘာလို့ မ​ပြောရတာလဲ။ ဒီမှာ သားတို့ကို ဘယ်​​ကျောင်းမှာအပ်ရမလဲဆိုပြီး စိတ်ပူ​နေရတာသိရဲ့သားနဲ့ "

" ​​အခု​ပြောပြတယ်​လေ ပူတူး​လေးရဲ့ ။ ပြီး​တော့ ​ကျောင်းက အရင်လကမှ Private School ဖွင့်ဖို့ ခွင့်ပြုတယ်ဆိုတဲ့ permit ရတာ "

" ဘယ်ကတည်းက ​ဆောက်ထားတာလဲ "

" အင်း ဘယ်ကတည်းကဖြစ်မလဲ​နော် "

စစ်က ​မေး​စေ့ကိုပွတ်ကာ စဥ်းစားသည့်ဟန်လုပ်​နေတာမို့ ခက် စိတ်မရှည်စွာပဲ ...

" ​မောင့် !!! "

ဘေးချင်းကပ်ထိုင်ပြီး ​​အော်​နေတဲ့ ခက်ကြောင့် စစ် နားကို ပိတ်ထားရသည်။

" နားကို အူသွားတာပဲ ပူတူးရာ။ ​ဖြေး​ဖြေး​အော်ပါ "

" ငါမေး​နေတာ​ဖြေ​လေ မင်းစစ်​မောင်။ တကယ်စိတ်တိုလာပြီ​နော်။ အရစ်ရှည်မ​နေစမ်းနဲ့ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ။ ​ဖြေပါ့မယ် ​ကြောက်ပါတယ်ဆို ဖြဲ​ခြောက်​နေတယ် "

Let Me Start Again [Completed]Where stories live. Discover now