LMSA 21

40.9K 2.3K 85
                                    

အခန်းထဲက lock ချထားတာမို့ ပါလာတဲ့​သော့အပိုနဲ့ ဖွင့်လိုက်​တော့ မြင်လိုက်ကြရသည်က .....
​ခက်ကို​ပွေ့ဖက်ထားပြီး အိပ်​ပျော်​နေ​သော စစ်။
 
နှစ်ယောက်လုံး အ​ပေါ်ပိုင်းဗလာကျင်း​နေကြကာ ​စောင်အပါး​လေးတစ်ထည်ကိုသာ ခါးထိလွှမ်းခြုံထားသည်။
​သူတို့နှစ်ယောက်ကို​ မြင်လိုက်ကြတဲ့ သူ​တွေမှာ​တော့ ​​ပြောစရာစကားလုံးများ​ ပျောက်ဆုံး​​နေကြ​လေသည်။

အပ်ကျသံပင် ကြားရ​လောက်​အောင် တိတ်ဆိတ်​နေ​သော အခန်းငယ်​လေး​ထဲတွင် ပထမဆုံးသတိ၀င်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့သူက​တော့ စစ်ရဲ့ Daddy ဦးမင်းထက်။

" ဒါ .. ဒါက ဘယ်လိုဖြစ်​နေကြတာလဲ ? စစ် .. မင်းစစ်​မောင် အခုချက်ချင်းထစမ်း "

ပါးစပ်ကသာ​ အော်နှိုး​နေရတာ ကိုယ်တိုင်က​တော့ စစ်တို့နားထိ သွားမနှိုး​ရဲပေ။ ဟန်နီနိုင်မှာလဲ မြင်မြင်ချင်း​ ရှော့ခ်ရသွားသည်။

( ဒါ ဘယ်လိုအ​ခြေအ​နေကြီးလဲ။ အခု ခက်က ကိုကိုနဲ့ ... ။ ဆို​တော့လည်း Plan B စရတာ​ပေါ့။ သူတို့နှစ်ယောက်နိုးလာရင် ငါက သူ​တော်​ကောင်း​ယောင်​ဆောင်ပြီး စစ်ကိုခွင့်လွှတ်​ကြောင်း​ပြောမယ်။
တဆက်တည်း ခက်ထန်က စစ်အ​ပေါ်မှာခံစားချက်​တွေရှိတာကိုပါ​ ပြောလိုက်မယ်ဆိုရင် ... gay မုန်းတဲ့ မင်းစစ်​မောင်တစ်​ယောက် ဘယ်လို​နေမလဲ ? * )

" ဒါက ဘယ်လိုဖြစ်​နေကြတာလဲ !!!"

အော်သံကြားရာကို ကြည့်မိကြ​တော့ ခက်ရဲ့မိဘ​တွေဖြစ်တဲ့ ဦးဥက္ကာနဲ့ ​ဒေါ်သဇင်ခက်။ သူတို့​နောက်မှာ​တော့ ဦးဇွဲနိုင်။ ​ဒီအချိန်ဆိုရင် ဟန်နီနိုင်က စစ်ကို အမိဖမ်းထားပြီး​လောက်ပြီလို့ အပိုင်တွက်ထားကာ M.T နဲ့ Zwe company ၂ ခု ပူး​ပေါင်း​ကြောင်းကိုပါ တစ်ခါထဲ​ ကြေငြာလိုက်မယ်ဟု​သော အ​တွေးဖြင့် ပြိုင်ဖက်ဖြစ်သူ ဦးဥက္ကာတို့ကို ဖုန်းဆက်​ခေါ်လိုက်တဲ့ ဦးဇွဲနိုင်ဟာ မိမိ​ရှေ့က မြင်ကွင်း​ကြောင့် ကြက်​သေ​သေသွားသည်။

သူ ဦးဥက္ကာတို့ကို ​ခေါ်လိုက်တာက
သူတို့ကျရှုံးခန်းကို ကြည့်ချင်လို့။ သို့​ပေမယ့်
မြင်လိုက်ရတဲ့မြင်ကွင်းက သူ​မျှော်လင့်ထားသလို ဖြစ်မလာခဲ့​ပေ။
​​ဒေါ်သဇင်ခက်မှာ​တော့ မိမိ​ရှေ့ကမြင်ကွင်း​ကြောင့် မူးလဲ​တော့မလို ဖြစ်သွားသဖြင့် ဦးဥက္ကာက ထိန်း​ပေးထားရသည်။

Let Me Start Again [Completed]Where stories live. Discover now