LMSA 43

58.9K 2.9K 150
                                    

Unicode

ဂျိမ်း ....⚡⚡⚡
ကျယ်​လောင်စွာ မြည်ဟီးလာတဲ့ မိုးခြိမ်းသံ​ကြောင့် ခက် လန့်နိုးလာသည်။ နာရီကို ကြည့်မိ​တော့ ည ၂ နာရီ။ မိုး​တွေလည်း အရမ်းသည်း​နေတော့ ခက်တစ်​ယောက်​ စောင်ခြုံထဲမှာ ပြန်​ကွေးမည်ပြုစဥ် အ​တွေးထဲကို ၀င်လာတာက သူအိမ်ထဲ၀င်လာတဲ့အထိ မိုး​ရေထဲမှာ ဒူး​ထောက်​နေတဲ့ စစ်။

" မဟုတ်​​လောက်ပါဘူး​နော် .... သူက အခုထိ ဒူး​ထောက်​နေစရာ အ​ကြောင်းမှ မရှိတာ .... သူ အဲ့ဒီ​လောက်ထိ မရူး​လောက်ပါဘူး "

ပါးစပ်ကသာ​​ ပြောနေ​သော်လည်း တကယ်သာ အခုချိန်ထိ ဒူး​ထောက်​နေခဲ့ရင် ဆိုတဲ့ အ​တွေးက ၀င်လာပြန်သည်။ ခက် ဘယ်လိုမှ ဆက်အိပ်လို့မရ​တော့သဖြင့် ...

" အင်း ... သွားကြည့်ကြည့်လိုက်ပါ့မယ် ..... သူက​တော့ အခုချိန်ထိ ဆက်ရှိ​နေအုံးမှာ မဟုတ်​လောက်ပါဘူး ... "

သို့​သော်လည်း ခက်ရဲ့အ​တွေး​တွေ မှား​နေတယ်ဆိုတာကို တစ်ချက်တစ်ချက် လျှပ်စီးလက်သွားတဲ့ကြားက မြင်​နေရတဲ့ လူတစ်​ယောက်​ကြောင့် သိသွားရသည်။ တကယ်ကိုပဲ .... တကယ်ကိုပဲ ... စစ်က အခုထိ ဒူး​ထောက်​နေတုန်းပါ​လေ ....

ခက် .. ထီးတစ်​ချောင်းယူပြီး အပြင်ကို ထွက်လာခဲ့လိုက်သည်။

စစ်တစ်​ယောက် သူ့ကိုယ်​ပေါ်ကို မိုး​ရေ​တွေကျမလာ​တော့တာ​ကြောင့်​ရော လျှပ်စီးကြားက မြင်ရတဲ့ ​ခြေဖမိုး​လေး​ကြောင့်​ရော ... အ​ပေါ်ကို​ မော့ကြည့်လိုက်​တော့ သူ့ကိုထီးမိုး​ပေးထားရင်း ငုံ့ကြည့်​နေတဲ့ ခက် ....

" မင်း ... မင်းရူး​နေလား !! ဒီ​လောက်မိုးသည်း​နေတာကို အခုချိန်ထိ .. အခုချိန်ထိ ... ဒူး​ထောက်​နေ​သေးတာလား !! သွား .. အခုချက်ချင်း အိမ်ပြန် ... "

" မောင်​မပြန်ပါရ​စေနဲ့ခက်ရယ် .... အိမ်ကိုပြန်လည်း ​မောင် အိပ်​ပျော်မှာမှ မဟုတ်ပဲ ... ဒီမှာ ... ဒီမှာ​နေတာကမှ အနည်းဆုံး​တော့ ဒီအိမ်​လေးထဲမှာ ခက်ရှိ​နေပါလားဆိုတဲ့ အ​တွေးနဲ့ ​ဖြေသိမ့်လို့ရ​သေးတယ်​လေ .. "

" မင်း ... ကျစ် ... ဘာလို့ အဲ့​လောက်​တောင်​ခေါင်းမာ​နေရတာလဲ မင်းစစ်​မောင်။ မင်းကိုယ်မင်းလည်း ပြန်ကြည့်အုံး မျက်လုံး​တွေနီရဲ​နေပြီး နှုတ်ခမ်း​တွေက ပြာ​နေပြီ။ ဒီအတိုင်းသာ ဆက်သွား​နေရင် မင်း​သေသွားလိမ့်မယ် သိရဲ့လား !! "

Let Me Start Again [Completed]Where stories live. Discover now