LMSA 38

61.5K 2.9K 208
                                    

Unicode

စစ် ပြန်​ရောက်တာနဲ့ ဒုတိယထပ်ကို အလျင်အမြန်ပဲ တက်ခဲ့လိုက်သည်။ ခက် ... ခက် သူ့ကို ထားမသွားဘူးမလား ။ ခက်က  ဒေါသထွက်​နေတုန်းမလို့ ​ပြောခဲ့တာ
မလား ..... သူထင်သလိုမဖြစ်ပါ​စေနဲ့လို့
ဆု​တောင်း​နေခဲ့​သော်လည်း ...

မြင်လိုက်ရသည်က ​မနက်က သူထွက်သွားတုန်းကအတိုင်း ကျန်​နေခဲ့တဲ့ အိပ်ခန်းတံခါး ။ ခါတိုင်းဆို အခန်းထဲမှာ ခက်ရှိ​နေရင် တံခါးကို အမြဲလိုလို ပိတ်ထားတတ်သည်။ အခုက မနက်တုန်းကအတိုင်းပဲဆို​တော့ ....
စစ် .. စိုးရိမ်တကြီးနဲ့ အိပ်ခန်းထဲကို ​ပြေး၀င်လာမိသည်။ ​ကျေးဇူးပြုပြီး ....​​ ကျေးဇူးပြုပြီး .. ရှိ​နေ​ပေးပါ ...

အိပ်ခန်းထဲ​ရောက်​တော့ မြင်လိုက်ရသည်က စာရွက်နှစ်​စောင်နဲ့ လက်စွပ်တစ်ကွင်း ။ တိတိကျကျ​ ပြောရမယ်ဆိုရင် ခက်ရဲ့လက်မှတ်ပါတဲ့ ကွာရှင်းစာချုပ်နဲ့ ခက် ရေးထားခဲ့တဲ့ စာ။ ပြီး​တော့ ခက် အမြဲတမ်း
၀တ်​ထားတတ်တဲ့ လက်ထပ်လက်စွပ် ...

" ဟင့်အင်း မဖြစ်နိုင်ဘူး "

ဗီဒိုကို ဖွင့်ကြည့်မိ​တော့ ခက်ရဲ့အ၀တ်အစားတချို့​နဲ့ luggage အိတ်က ​ပျောက်ဆုံး​နေသည်။

" မဖြစ်နိုင်ဘူး ! ခက် ... ခက် ... ငါ့ကို ပုန်း​နေတာမဟုတ်လား ။ ထွက်ခဲ့​တော့​လေ "

စစ်​တစ်​ယောက် မဖြစ်နိုင်ဘူးဆိုတာကိုသာ တွင်တွင်​ပြော​နေပြီး ​အပြင်​ပြေးထွက်သွားကာ ခက်ကိုလိုက်ရှာ​နေမိသည်။ စိတ်နဲ့လူနဲ့ မကပ်တာ​ကြောင့် ဖိနပ်မပါပဲ ​ပြေးထွက်လာမိတာ​တောင် သူ့ကိုယ်သူ မသိ​တော့။ ခက်ကို​တွေ့ရဖို့ကသာ အ​ရေးကြီး​နေတာမို့။

( daddy တို့ ​ခေါ်သွားတာများလား * )

အတွေးထက်အရင် လူက ကား​ပေါ်​ရောက်နှင့်​နေပြီး ဦးမင်းထက်တို့ဆီကို ​မောင်းလာခဲ့လိုက်သည်။

" Daddy .. daddy !! "

" ဘာလာလုပ်တာလဲ မင်းစစ်​မောင်။ ငါတို့အိမ်ကို လာစရာမလိုဘူးလို့​ ပြောထားတယ်မဟုတ်လား "

" ခက် .. ခက်ကို ထုတ်​ပေး ၊ ခက်ကိုထုတ်​ပေးရင် ကျွန်တော်ပြန်မယ် "

Let Me Start Again [Completed]Where stories live. Discover now