LMSA 💚Final💚Unicode

68.6K 2.2K 179
                                    


XXX Hospital

" အရမ်း​ကြောက်​နေလား ပူတူး​လေး "

" ဟင့်အင်း မ​​ကြောက်ပါဘူး ။ မင်းသာ ငါ့အနားမှာရှိ​နေ​ပေး​နော် "

" မောင်က ခက်အနားမှာပဲ ​နေ​ပေးမှာပါ။ ခွဲခန်းထဲ၀င်သွားရင်လည်း ​မောင် အပြင်က​နေ​စောင့်​နေမှာမလို့ မ​ကြောက်နဲ့​နော် "

" ဟုတ် "

မနက်ဖြန်ဆိုရင် သူတို့ ၂​ ယောက်ရဲ့ ရင်​သွေး​လေးက လူ့​လောကထဲကို​ ရောက်လာ​တော့မယ်။ သား​လေးတုန်းကလို လမ​စေ့ပဲ ​မွေးတာမျိုးဖြစ်ခဲ့ရင် ​ခွဲစိတ်ခန်းထဲကို တန်းပြီး၀င်နိုင်ရန်အတွက် ခက် ကိုယ်၀န် ၈ လကတည်းက ​ဆေးရုံတက်​စေခဲ့သည်။

ကြိုတင်ပြီး စီစဥ်ထားလို့လားမသိ။ အခု ကိုယ်၀န်က ၉ လခွဲ​တောင်ရှိ​နေပြီ မ​မွေး​သေး ။ ​ဆေးရုံတက်​နေရတာ ၁ လခွဲရှိ​ပြီဖြစ်သည်။ စစ်က​တော့ ​ဆေးရုံနဲ့ company ကို ကူးသန်းသွားလာ​နေရတာ​ပေါ့။ မနက်ဖြန်ဆိုရင်​တော့ က​လေး​လေးကို သူတို့ မြင်ရ​တော့မယ်။

" မောင် "

" ဗျာ။ ပူတူး​လေး ဘာလိုချင်လို့လဲ "

" က​လေး​မွေးပြီးသွားရင် သားအိမ်ပါ တစ်ခါထဲထုတ်လိုက်မယ်​နော် "

" ခက် ပင်ပန်း​နေမှာ​ပေါ့။ ​နောက်မှ ခွဲစိတ်လည်း ရပါ​​သေးတယ် "

" ၂ ခါနာမှာစိုးလို့​လေ ​နော် ​နော် "

" မောင့်ပူတူး​လေးသ​ဘောပါဗျာ။ ဒါဆို ​မောင် papa ကို ဖုန်းဆက်ပြီး​ပြောလိုက်မယ်​နော် "

" အခုသွားမ​ပြောဘူးလား ။ papa လည်း ​ဆေးရုံမှာရှိ​နေတာပဲ​လေ "

" အခုသွားရင် ခက်တစ်​ယောက်ထဲ ကျန်​နေခဲ့မှာ​ပေါ့။ ​ခဏ​နေရင် ​ပြောလိုက်မယ်​လေ ​နော်။ "

စစ် ​ပြော​နေရင်းနဲ့ ခက်ရဲ့ ​ခြေကျင်း၀တ်​လေးကို ဖိနမ်းမိသည်။ တိတိကျကျ​ပြောမယ်ဆိုရင် ခက် ခွဲစိတ်ထားတဲ့ ​ချုပ်ရိုးရာ​လေးကို​ပေါ့။

" မောင် ​တောင်းပန်ပါတယ် "

" တောင်းပန်စရာမလိုပါဘူး ။ စိတ်မ​​ကောင်းစရာ​တွေ မ​တွေးချင်ဘူး ​မောင် "

Let Me Start Again [Completed]Where stories live. Discover now