LMSA 11

37.3K 2.4K 21
                                    

Unicode

2012 April အကျနေ့

" Yayy ဒီ​နေ့​တော့ သင်္ကြန်လည်လို့ရပြီကွ " လက်သီးလက်​မောင်းတန်းကာ​ အော်လိုက်သူက ဂနိုင်။ ယခု အကျနေ့မလို့ ဂနိုင် ၊ မင်းခန့် ၊ သက်နွယ်နဲ့ ခက်တို့​လေး​ယောက်​ ခက်ရဲ့အိမ်မှာ လူစုကာ ​လျှောက်လည်ရန်တိုင်ပင်​နေကြသည်။

မ​နေ့က​တော့ အကြို​နေ့လည်းဖြစ်၊ လူကလည်းသိပ်ပြီးစည်အုံးမှာမဟုတ်လို့ မလည်ဖြစ်ကြ။ ဒီ​နေ့​တော့ လည်ကြမည်။ ခက်ရဲ့မိဘ​တွေကိုယ်တိုင်ကလည်း မင်းခန့်တို့နဲ့ဆို စိတ်ချပြီးသားမလို့ ဘာမှ​တော့မ​ပြော။ ခက်ကိုသာ အရမ်းမကဲဖို့မှာ​လေသည်။ ဟုတ်ပါတယ် ခက်က သူစိမ်း​တွေနဲ့သာ အ​နေ​အေးပြီး စကားနည်းတာ သူငယ်ချင်း​တွေနဲ့ဆို စိတ်ဆိုး စိတ်​ကောက်ကလည်းလွယ်၊ ချွဲလည်းချွဲ၊ စကားလဲ မဆိုစ​လောက်က​လေးများ​လေသည်။ တကယ်မဆိုစ​လောက်​လေး။ ​သေး​သေးပုစိ​နောက်​တောက်​လေး စကားများတတ်သူ​လေး​ပေါ့။

2012 က သင်္ကြန်ငါးရက်ဆို​တော့ ဂနိုင်တို့ မင်းခန့်တို့အကြိုက်​ပေါ့။ အကြို​နေ့တစ်ရက်မလည်ဖြစ်​တော့ ၄ ရက်ကျန်​သေးတာ​ပေါ့​လေ။ ခက်က​တော့ သူတို့ကိုလိုက်ထိန်းရမည်ကို​ တွေးကာ ရင်​လေး​နေမိသည်။ ခက်ရဲ့​မေ​မေက​တော့ ​အကြို​နေ့ည​နေကတည်းက တရားစခန်း၀င်သွားပြီ။

ခက်တို့‌လေးယောက်က​တော့ ကျန်တဲ့‌လေးရက်လုံး လည်ကြမယ်​ပေါ့။ ခက်​ဖေ​ဖေကကားနဲ့လည်​ပေးမယ်​ ပြောတာကို မင်းခန့်တို့က မလွတ်လပ်လို့ဆိုပြီး ကိုယ့်ဆိုင်ကယ်နဲ့ကို အ​နောက်ဘက်ကျုံးကို တိုးမယ်တဲ့။ သို့နှင့် ​လေး​ယောက်သား ဆိုင်ကယ်နှစ်စီးနဲ့ အ​နောက်ဘက်ကျုံးကို ထွက်လာကြ​လေသည်။

တကယ်​တော့ စိတ်ကူးရတာသာ လွယ်တာ လက်​တွေ့ကခက်​တယ်။ အ​နောက်ကျုံးကိုဆိုင်ကယ်နဲ့တိုးမယ်ဆိုတဲ့ မင်းခန့်တို့ တကယ်တမ်း တိုးကြည့်​တော့ ထင်သ​လောက်မလွယ်။ မန္တ​လေးသင်္ကြန်က​တော့ အကြိုနေ့​တောင် လူကကြပ်​နေတာ အကျ​နေ့ဆို​တော့ပိုဆိုး ။ ​အတက်​နေ့က​တော့ လူအကြပ်ဆုံး ။

သူတို့ အိမ်ကစထွက်တဲ့အချိန်ကလည်း မနက် ၉ နာရီဆို​တော့ တိုးမ​ပေါက်တာမဆန်း။ မနက် ၆ နာရီ​လောက်ကတည်းက တိုးထားမှ ​ရှေ့က​နေရာရမည်​လေ။ လူ​တွေကလည်း ဒီလိုအချိန်ဆို သိပ်သိပ်ပြီး ၀ီရိယရှိကြတာပဲ။

Let Me Start Again [Completed]Where stories live. Discover now