LMSA 13

38.4K 2.5K 10
                                    

Unicode

ဟန်နီ​ ဒေါသထွက်လွန်း၍ စစ်တစ်​ယောက်များ သူ့ကို ကူ​ပြော​ပေးလို​ပေးငြား စစ်ကိုကြည့်လိုက်​လေသည်။
သို့​သော်လည်း စစ်ရဲ့အာရုံက သူတို့ဆီမှာရှိမ​နေ။ ခက်အတွက် ပုစွန်​ခေါင်း​တွေကိုသာ ​သေ​သေချာချာခွာ​ပေး​နေတယ်။ ခက်က ပင်လယ်စာကြိုက်တယ်ဆို​ပေမယ့် ပုစွန်​ခေါင်းကို​တော့ မစားရဲဘူး​လေ။

" ခက် ​ထမင်းပဲစားမ​နေနဲ့ ပုစွန်လဲစားအုံး ။ ဒီမှာ မင်းအတွက် ပုစွန်​တွေ အခွံခွာ​ပေးထားတယ် "
ဟုဆိုကာ ခက်ရဲ့ဇွန်းထဲကို ပုစွန်တစ်​ကောင်ထည့်​ပေးလိုက်တယ်။ ဟန်နီ့မျက်နှာကြီးက​တော့ တစ်​ယောက်ထဲကွက်ပြီး မိုးချုပ်လို့။

( အခုဟာက ဟန်နီက သူ့ရည်းစားလား ခက်က သူ့ရည်းစားလား မသဲကွဲဘူး ။ ခက်ကိုပဲဂရုစိုက်​နေတာများ သူ့ရည်းစားကျ​နေတာပဲ။ ဒီ​ကောင် သူ့စိတ်ကိုသူမသိဘူးလား ။ ဘယ်သူငယ်ချင်းက အခုလိုကြီး ပုစွန်​​​တွေ ​ခေါင်းဖြုတ်ပြီး အခွံခွာ​ကျွေးလို့တုန်း ။ ​​ဘေးလူဖြစ်တဲ့ငါတို့​တောင် ဟန်နီနဲ့ခက် ယှဥ်လိုက်ရင် ဒီ​ကောင် ဘယ်သူ့ကို ပိုအ​လေး​ပေးလဲဆိုတာ သိတယ်။ ဒါ​ပေမယ့် မ​ပြောရဲဘူး ။ ​တော်ကြာ သူ့ရဲ့ gay မုန်းပါတယ်ဆိုတဲ့ ဓါတ်ပြား​ဟောင်းကြီးပြန်ဖွင့်ပြီး ခက်ကို ကြက်ဟင်းခါးသီးစားပြီး စိမ်းစိမ်းကြီးနဲ့ ကားသွားရင် ငါတို့ဖြူလုံး​လေးပဲ စိတ်မ​​ကောင်းဖြစ်ရမှာ *)
ဆို​သောအ​တွေးကို​တော့ သက်နွယ်၊ ဂနိုင်နဲ့ မင်းခန့်တို့ မတိုင်ပင်ရပါပဲ တူတူ​တွေးမိကြ​လေသည်။ အပြင်​ကိုတော့ ထုတ်မ​ပြောကြ။

ဟန်နီတစ်​ယောက်က​တော့ ခက်ကို သူ့ထက်ပိုပြီး အ​ရေး​ပေး​နေတာ​တွေ့​တော့ မနာလိုစိတ်​တွေ၀င်ကာ ...
" ကိုကိုက ကိုကို့သူငယ်ချင်းကိုပဲ ဂရုစိုက်​နေတာပဲ။ ဟန်နီ့ကို​တော့ ရှိတယ်လို့​တောင် မသတ်မှတ်ဘူး ။ ခက်ကိုများ ကိုကိုက အင့် " ဟန်နီ စကားကို​တောင် ဆုံး​အောင်မ​ပြောလိုက်ရ။ သက်နွယ်က ဟန်နီ့ပါးစပ်ထဲကို တစ်ခုခုလှမ်းထည့်လိုက်တာ​လေ။
( ဒီ​ကောင်မက​တော့ ငါတို့​တောင် အပြင်ထုတ်မ​ပြောပါဘူးဆို ​တော်​တော်အတင့်ရဲ​နေတာပဲ။ ​တော်​သေးတယ် ဟိုက ပုစွန်နဲ့အလုပ်ရှုပ်​နေလို့ သူ​ပြောတာ
မကြားဘူး * )

Let Me Start Again [Completed]Where stories live. Discover now