LMSA 35

55.3K 2.7K 111
                                    

Unicode

" သား ... သား ... "

က​ယောင်ကတမ်း​တွေ​အော်​နေတဲ့ ခက်ကို အစိုး လှုပ်နှိုးလိုက်သည်။ ထိုအခါမှ ...

" အစိုး ... အစိုး .... ငါ့ ... ငါ့သား​လေး​ရော ... ငါ့သား​လေး မ​သေဘူးမဟုတ်လား ... ငါ့သား​လေးကို ကယ်နိုင်တယ်မဟုတ်လား ... ဟင် .... အစိုး ...​ ငါ​မေး​နေတာ​ဖြေ​လေကွာ "

" ခက်ရာ .... မင်းရဲ့သား​လေးက .. ဆုံး ... ဆုံးသွားပြီ​လေကွာ ... "

" ဟင့်အင်း ... မဖြစ်နိုင်ဘူး ... အစိုး .. ငါ့ကို ... ငါ့ကိုမ​နောက်ပါနဲ့ကွာ ... သား​လေးက .. သား​လေးက ဘာလို့ဆုံးရမှာလဲ ... ငါ ... ငါမယုံဘူး ... ငါသွားရှာမယ် "

" ခက် .... စိတ်ထိန်း​လေကွာ .. "

အစိုးနဲ့ခက်တို့ ရုန်းရင်းဆန်ခတ် ဖြစ်​နေတုန်းမှာပဲ ဦးမင်းထက်တို့​ ရောက်လာကြသည်။

" ခက် ... သား ... စိတ်ကိုထိန်းပါအုံး သားရယ် "

" Daddy ... daddy ... ကျွန်တော့်သား​လေး ... ကျွန်တော့်သား​လေး ... သူ .. သူ .. အသက်ရှင်​သေးတယ်မဟုတ်လား ... သား​လေးမ​သေဘူးဆိုတာ သူတို့ကို​ပြောပြလိုက်​လေ daddy ရဲ့ ... သူတို့က ကျွန်တော့်သား​လေး မ​သေဘူးဆိုတာကို မယုံကြဘူး ... "

" သားရာ ​​မြေး​လေးက ..​ မြေး​လေးက ... ဆုံးသွားပြီသားရဲ့ ... "

" မယုံဘူး !! ကျွန်တော့် .... ကျွန်တော့်သား​​လေးက ... ဘာလို့ .. ဘာလို့ ကျွန်တော်တို့ကို ထားခဲ့ရမှာလဲ။ လိမ်​နေတာ။ daddy တို့ အကုန်လုံး ကျွန်တော့်ကို ​ပေါင်းလိမ်​နေကြတာ။ သား​လေးကို ... သား​လေးကို ထုတ်​ပေးကြ​နော်။ ကျွန်တော့်သား​က ကျွန်တော့်ကိုထားပြီး ဘယ်ကိုမှ ထွက်သွားမှာမဟုတ်ဘူး ။ အခု ... အခုချက်ချင်း သားကို ​ထုတ်​ပေးကြ !!!! "

ခြေ​ထောက်က ဒဏ်ရာကြီးနဲ့ ​အောက်ကိုဆင်းမယ်လုပ်​နေတဲ့ ခက်ကို အကုန်လုံးက ၀ိုင်းထိန်းထားရ​​လေသည်။

" တောင်းပန်ပါတယ် ...​ တောင်းပန်ပါတယ် ... ကျွန်တော့်သား​လေးကို ... ကျွန်တော့်သား​လေးကို ပြန်​ပေးကြပါ။ ကျွန်တော့်မှာ ... ကျွန်တော့်မှာ ... သား​လေးတစ်​ယောက်ထဲပဲ ရှိ​တော့တာမလို့ ...​ ကျေးဇူးပြုပြီး ...​ ကျေးဇူးပြုပြီး ... "

Let Me Start Again [Completed]Where stories live. Discover now