LMSA 12

38.4K 2.5K 29
                                    

Unicode

" မင်းခန့် ဘာ​တွေ​တွေး​နေတာလဲ ? သွားကြမယ်​လေ "
ဟုဆိုကာ တစ်​ယောက်​သောသူ၏ လက်ကိုဆွဲကာ ​ရှေ့မှထွက်သွား​လေသည်။ ​သေချာ​ပေါက် သူလက်ဆွဲသွားတဲ့လူက ဟန်နီနိုင်​တော့မဟုတ်ဘူး​ပေါ့ :)

ဒါ​ပေါ့။ လက်ဆွဲခံလိုက်ရတဲ့သူက ခက်ပါ။ စစ် စ​ရောက်ကတည်းက ကိုယ်လုံး​သေး​သေး​လေးနဲ့ လူအုပ်ကြားထဲ တိုးတိုးပြီး က​နေတဲ့ ခက်ကိုကြည့်ပြီး အူ​တွေယား​နေတာ။ အစက​တော့ ခက်က သင်္ကြန်ကို သူငယ်ချင်း​တွေနဲ့ တစ်ခါမှမလည်ဖူးတာမလို့ သူလူမှားတယ်ပဲထင်​နေတာ။ လူ​တွေတိုးပြီး အနားထိသွားကြည့်​တော့မှ ခက်မှန်းသိရတာ။ ​ဘေးမှာမင်းခန့်တို့ကိုပါ မြင်ရ​တော့ ပို​​သေချာသွားတာ​ပေါ့။ ​

အသားဖြူလွန်းပြီး ​နေဒဏ်​ကြောင့် နီရဲ​နေတဲ့ ပါး​လေး​တွေ ​​ရေဒဏ်​ကြောင့် ချမ်းလို့တုန်​နေတဲ့နှုတ်ခမ်း​လေး​တွေက မြင်ရတဲ့သူတိုင်း မျက်စိမလွှဲနိုင်​အောင်ကို လှပရက်လွန်းသည်။ ​နောက်​တော့ မင်းခန့်​ရော ခက်ရဲ့သူငယ်ချင်း​တွေပါ ဟန်နီ့ကို မခင်ချင်ကြဘူးထင်ပါရဲ့။ ချက်ချင်းကိုပဲ​ ရှောင်ထွက်သွားကြတယ်။

မင်းခန့်ကပါ​ နေ့လည်စာသွားစားမလို့ မင်းတို့ဆက်ကကြလို့​ ပြောတုန်းက သူတို့ကိုပါ​နေ့လည်စာအတူစားဖို့မ​ခေါ်ချင်မှန်းရိပ်မိပါတယ်။ ဒါ​ပေမယ့် ဟန်နီက အလိုက်ကမ်းဆိုးမသိစွာ သူပါလိုက်ချင်တယ်​ပြော​တော့ မင်းခန့် မျက်နှာပျက်သွားတာလည်း သူမြင်လိုက်တယ်။ စစ်ကိုယ်တိုင်ကလည်း ခက်နဲ့ မ​တွေ့တာကြာပြီဖြစ်တာ​ကြောင့်​ရော ဘာလို့မှန်းမသိ ခက်ကို မင်းခန့်တို့နဲ့ သီးသန့်ကြီး တွဲမ​တွေ့ချင်တာ​ကြောင့်​ပါ​ပေါင်းပြီး လိုက်မယ်ဟု​​ပြောကာ ခက်ရဲ့လက်ကိုဆွဲပြီး ထွက်လာခဲ့လိုက်သည်။ သူသာခက်ကိုဆွဲပြီးအရင်ထွက်မလာရင် မင်းခန့်က ခက်ရဲ့လက်ကိုဆွဲပြီး ထွက်လာ​တော့မှာ။

စစ်တို့ထွက်သွား​တော့ ဟန်နီက မတ်တပ်ကြီး​မေ့ပြီး ကျန်​နေခဲ့သည်။
( အခု ကိုကိုက ငါ့ကိုထားခဲ့ပြီး ခက်ထန်ရဲ့လက်ကို ဆွဲပြီး ထွက်သွားတာလား * )
မင်းခန့်ကလည်း ၀တ်​ကျေတန်း​ကျေအ​နေနဲ့
" ဟန်နီနိုင် မင်းမလိုက်ချင်လည်း ဒီမှာတစ်​ယောက်ထဲ​နေခဲ့ပြီး ဆက်က​နေလို့ ရ​သေးတယ်​နော်။ ငါတို့က​တော့ သွားပြီ "
ဟုဆို​တော့ ...
" ခဏ​လေး ခဏ​လေး ငါ​​​ရောလိုက်မယ် "
( အံမယ် ငါတဲ့ စစ်ရဲ့​ရှေ့မှာကျ​တော့ သူ့ကိုယ်သူ ဟန်နီ ဟန်နီနဲ့ ကြားရတဲ့သူ​တွေရဲ့နားကို ရုံးပတီသီး​တွေ ​ဂေါ်ရခါးသီး​တွေနဲ့ ပွတ်​နေတယ်လို့ ခံစားရ​လောက်​အောင်ကို ချွဲပျစ်တဲ့အသံကြီးနဲ့​​ ပြော​နေပြီး​တော့ ကွယ်ရာ​ရောက်​တော့ ငါတဲ့။ မင်းသမီး​ခေါင်း no no သူက မင်းသမီး​နေရာနဲ့မတန်ဘူး အရူး​ခေါင်း​ဆောင်းထားတဲ့ ဘီလူးမ * )

Let Me Start Again [Completed]Where stories live. Discover now