Unicode
ကျောင်း canteen၀ယ် ...
" အထန် "
" ချီးကို အထန်ပါ့လား ခွေးကောင်။ ငါ့ကို အဲ့လိုမခေါ်နဲ့လို့ ပြောနေတယ်နော် "
" အေးပါကွာ မင်းကလဲ မကြိုက်ရင် မခေါ်တော့ပါဘူး ။ တကယ်ပါပဲ ခန့်ခန့်ကတော့ ခက်ခက်လေး တစ်ယောက်ထဲဖြစ်နေမှာစိုးလို့လည်း ထမင်းတူတူလာစားပေးရသေးတယ်။ ခက်ခက်က ခန့်ခန့်ကို အရမ်းအနိုင်ကျင့်တာပဲ "
မင်းခန့်က ခပ်နွဲ့နွဲ့လေးပြောလိုက်တော့ ဟိုနှစ်ယောက်က ထရယ်လေသည်။ ထိုအခါမှ ဘေးမှာ လူတွေရှိသေးမှန်း မင်းခန့်သတိရသွားကာ ...
( သေစမ်း ငါ အခု ခက်တို့ကျောင်းရောက်နေတာကို မေ့သွားတာပဲ။ ခါတိုင်းလို ခက်နဲ့ နှစ်ယောက်ထဲရှိတယ်ထင်ပြီး ပေါနေတာ။ အား ... ၀ိုင်းကြည့်ကုန်ပြီ ရှက်လိုက်တာ တကယ်ပါပဲ * )
တွေးရင်းတွေးရင်း ရှက်လာကာ သူ့ကိုကြည့်ပြီး ရယ်နေသော ဂနိုင့်ကို ...
" ဟေ့ကောင် မင်းက ဘာရယ်တာလဲ ပွဲဖြစ်ချင်လို့လား ပြော ! "
" ဟ ခင်ဗျားက ရယ်စရာပြောမှတော့ မရယ်လို့ ဧယဥ်ကျူးပြီး ငိုပြရမှာလား "
" အောင်မာ မင်းလို မလောက်လေးမလောက်စားကောင်ကများ ငါ့ကို ခင်ဗျားလေးဘာလေးနဲ့ "
" ကဲပါမင်းခန့်ရာ မင်းကလည်း စိတ်လျှော့စမ်းပါ "
" ဟုတ်ပါတယ် ဒီကအစ်ကိုလဲ စိတ်လျှော့ အနိုင် နင်လည်း မရယ်နဲ့တော့ "
ဟု သက်နွယ်ပါ ၀င်ပြောတော့ ဂနိုင်က ဟွန့်ဆိုပြီး ထမင်းသွားမှာလေသည်။ ဂနိုင်ထွက်သွားမှ ...
" ပြီးတော့လေ အစ်ကိုမှားနေတာတစ်ခုရှိတယ် "
ဟု သက်နွယ် မရဲတရဲနဲ့ပြောတော့ ...
" ဟမ် ငါ့ကို မင်းခန့်လို့ခေါ်လည်းရပါတယ် ဒါနဲ့ ငါကဘာမှားတာလဲ "
" အနိုင်က အကောင်မဟုတ်ဘူးအစ်ကို အဲ မင်းခန့်ရဲ့ ... သူက အမ "
" ဟင် "
" ဟုတ်တယ် မင်းခန့်ရ ... ငါလဲ ကျောင်းစစတက်ချင်းတုန်းက သူ့ကို ယောကျာ်းလေးပဲထင်နေတာ နောက် သူနဲ့ခင်သွားမှ tom မှန်းသိတာ "
" နေပါအုံး မင်းက ဘယ်လိုလုပ် tom မှန်းသိသွားရတာလဲ "
" သက်နွယ်ကြောင့်လေ ... သက်နွယ်ရယ် ဂနိုင်ရယ် နောက်ထပ် စိုးစံနိုင်ဆိုတဲ့ Mandalay University က သူငယ်ချင်းတစ်ယောက်ရှိသေးတယ်တဲ့။ သူတို့သုံးယောက်ကလည်း မင်းနဲ့ငါ့လိုပဲ ငယ်ငယ်လေးကတည်းက ပေါင်းလာကြတာလေ။ ပြီးတော့ ဂနိုင်က တစ်ဦးတည်းသောသမီး ။ ဂနိုင်တို့ မောင်နှမ၀မ်းကွဲတွေထဲမှာဆိုရင် မိန်းကလေးဆိုလို့ သူတစ်ယောက်ပဲပါတာလေ။ အဲ့တော့ သူက ငယ်ငယ်လေးကတည်းက အစ်ကိုတွေ ဦးလေးတွေနဲ့ပဲ နေရတာများတော့ ယောကျာ်းစိတ်ပေါက်နေတာ ပြောရမယ်ဆိုရင်တော့ tomboy ပေါ့ကွာ "
" သြော် မသိပါဘူး ငါက ယောကျာ်းလေးထင်နေတာ "
" မဟုတ်ပါဘူးမင်းခန့်ရယ် ... သူ့နာမည်အရင်းက မေနိုင်။ ဒါကို မေနိုင်ဆိုတာက မိန်းမနာမည်ကြီးမလို့ မကြိုက်ဘူးဆိုပြီးတော့ သူ့ကိုယ်သူ ဂနိုင်လို့ပဲပေးထားတာ။ သက်နွယ်တို့ကတော့ အနိုင်လို့ပဲခေါ်တယ်။ "
" ဘာတွေပြောနေကြတာတုန်း အာလူးပဲဖုတ်မနေနဲ့ ထမင်းသွားမှာကြလေ ... ဒီမှာက လူကျနေတော့ ကိုယ်တိုင်သွားမှာမှရတာ "
" ငါသွားမှာပေးမယ်လေ ခက်နဲ့ သက်နွယ် ဘာစားမှာလဲ "
" ရပါတယ် ... ကြိုက်တာမှာခဲ့ လက်ဖက်ထမင်းမဟုတ်ရင်ပြီးတာပဲ ငါဗိုက်အောင့်နေလို့ သက်နွယ် နင်ကရော "
" ငါလဲနင်စားတာပဲလိုက်စားမယ် "
" အင်းအင်း ငါအဆင်ပြေတာမှာခဲ့မယ်။ ဟိုတာဇံကောင်ကရော ဘာထပ်မှာအုံးမလဲ "
" ဘာရီး ? ... ခင်ဗျား ... ကျနော့်ကိုဘယ်လိုခေါ်လိုက်တယ် ? "
" တာဇံလို့ခေါ်တာလေ မကြားဘူးလား "
" နေပါအုံး ကျုပ်နာမည်က ဂနိုင်လေ "
" အေးလေ မင်း stage ကျောင်းတုန်းက ခက်ဆစ်တွေထဲမှာ မသင်ရဘူးလား ။ ဂနိုင်=တောလေ။ တောဆိုတော့ တောတွင်းသားဖြစ်တဲ့ တာဇံတွေရှိတာပေါ့ ... အဲ့တော့ မင်းကို ငါက တာဇံလို့ခေါ်မယ် "
မင်းခန့် ပြောပြီး ထမင်းသွားမှာတော့ ...
" ဂါးးးး ဒီကောင် "
ဂနိုင်က မင်းခန့်အား လိုက်ထိုးမယ်လုပ်သဖြင့် ခက်ရော သက်နွယ်ပါ ဆွဲထားရလေသည်။
" စိတ်လျှော့ပါ အနိုင်ရယ် နင်ကလည်း အဟီး "
" ဘာအဟီးလဲ ... သက်နွယ် နင်က ငါ့ကိုလှောင်တာလား ။ ငါနင့်ကို မိန်းကလေးမလို့အလျှော့ပေးထားတာနော် "
( သူကကျ မိန်းကလေးမဟုတ်တာကျလို့ * ) သက်နွယ် စိတ်ထဲမှာပဲပြောနေကာ အပြင်မှာတော့ ထုတ်မပြောရဲ။
" မဟုတ်ပါဘူးဟာ ငါကလေ နင့်ကိုနိုင်တဲ့သူတွေ့လို့ ရယ်မိတာပါ။ ခါတိုင်းဆို ငါတို့သုံးယောက်မှာ နင်က စကားအတတ်ဆုံးလေ။ အခုတော့ မင်းခန့်က နင့်ထက်စကားပိုတတ်ပြီး နင့်ကိုဖဲ့သွားလို့ရယ်မိတာ ခွီးး "
" သက်နွယ် နင်နော် "
" ကဲ .. ကဲ တော်ပြီ သက်နွယ် တော်တော့။ တာဇံ အဲ ဂနိုင် မင်းလည်းတော်တော့။ မင်းခန့်ပြန်ရောက်လာမှ ငါ မင်းတို့ကို သေချာမိတ်ဆက်ပေးမယ် "
ဟုဆိုတော့ သက်နွယ်က ...
" အေးပါ ဒါနဲ့ ခက် မင်းခန့်ကမှ ခင်ဖို့ကောင်းသေးတယ်နော်။ ဟို စစ်ဆိုတဲ့တစ်ယောက်ကဆို ကျောင်းစဖွင့်ကတည်းက သုံးလလုံးလုံး ကျောင်းကိုလာပြီး ထမင်းစားတာတောင် ငါတို့ကို စကားတစ်ခွန်းမပြောဘူး ရန်သူကြီးလိုပဲ ကြည့်နေတာ။ မင်းခန့်ကမှ ဒီနေ့မှစတွေ့ဖူးပေမဲ့ ဖော်ဖော်ရွေရွေရှိသေးတယ် "
" စစ်က အဲ့လိုပဲ နေတတ်တာမလို့ပါဟာ "
" နင်ကလဲနော် အဲ့တစ်ယောက်ဆိုရင်ကို မကောင်းပြောမခံဘူး "
" အဲ့လိုမဟုတ်ပါဘူး ငါက နင်တို့အထင်လွဲမှာစိုးလို့ ရှင်းပြတာပါ "
YOU ARE READING
Let Me Start Again [Completed]
RomanceStart Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်းတွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထွက်ပြေးပါရစေ 'ခက်ထန်' ငါအရမ်းမုန်းနေတုန်းက တွယ်ကပ်နေပြီး အခုကျထွက်ပြေးတော့မလို့လား အရင်ကမှားခဲ့တာတွ...