LMSA 25

42.2K 2.3K 95
                                    

Unicode

စစ် အိမ်ကိုပြန်လာ​တော့ ခက်ကိုမ​တွေ့။ ခါတိုင်းဆိုရင် တံခါးဖွင့်သံကြားတာနဲ့ ခက်ကသူ့နားကို​ ရောက်လာစမြဲပါ။ သူ့ဘက်က မကြည်ဖြူလဲ အသံကြားတာနဲ့ ​​ရေထည့်ထားတဲ့ဖန်ခွက်ကိုကိုင်ကာ သူ့ဆီ​ရောက်​ရောက်လာတတ်တဲ့ခက်ဟာ အခု​တော့ တံခါးဖွင့်သံကြားတာ​တောင် အပြင်ကိုထွက်မလာ။

( အပြင်သွား​နေလို့များလား ? * )

ဒါလည်း မဖြစ်နိုင်​​ပေ။ သူနဲ့ယူပြီးကတည်းက ခက်က အပြင်ကိုသိပ်
မထွက်​တော့။ မင်းခန့်တို့နဲ့​ တွေ့မယ်ဆိုရင်​တောင် ဟို ၄​ ယောက်က အိမ်ကိုလာလာ​တွေ့ရသည်။ ဒါဆို ဘာလို့ထွက်မလာတာလဲ ?

စစ် အခန်းထဲကို၀င်ကြည့်မိ​တော့ luggage အိတ်ထဲကို အင်္ကျီ​တွေ ကျကျနန​ခေါက်ထည့်​နေ​သော ခက်။

" မင်း အဲ့ဒါဘာလုပ်​နေတာလဲ? "

စစ်အသံကြားမှ ခက်တစ်​ယောက် စစ်ပြန်လာမှန်းသိသည်။ အင်္ကျီ​တွေ ထည့်​နေရတာနဲ့ စစ် ဘယ်အချိန်က ပြန်လာမှန်း​တောင် မသိလိုက်။

" စစ် .. ဘယ်တုန်းက​ရောက်​နေတာလဲ ? "

" ငါ ဘယ်အချိန်​ရောက်ရောက် မင်းနဲ့မဆိုင်ဘူး ။ အခု ငါ​မေးတာသာ​ဖြေ။ ဘာလုပ်ဖို့အင်္ကျီ​တွေထည့်​နေတာလဲ ? ဘာလဲ ​နောက်ဆုံး​တော့ အိမ်ကထွက်သွား​တော့မယ်​ပေါ့ ဟုတ်လား ? "

" အဲ့လိုမဟုတ်ပါဘူးစစ်ရယ်။ ငါက .. daddy တို့နဲ့ သွားနေမလို့ပါ။ မင်းကို​တော့ ခရီးထွက်​နေတယ်လို့​ ပြောထားတယ်။ မင်းမလိုက်ရင်လဲ အဆင်​ပြေပါတယ်။ "

" ဘာ ! Daddy တို့အိမ်မှာ သွား​နေမယ် ဟုတ်လား ? ဘာလို့လဲ "

" Dad .. daddy တို့က လာ​နေခိုင်းတာ။ မင်းကလည်း အလုပ်​တွေရှုပ်​နေတာဆို​တော့ ကိုယ်၀န်ရင့်လာရင် ဂရုစိုက်မယ့်သူ မရှိမှာစိုးလို့တဲ့ "

ခက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့်သာ ​ပြော​နေမိသည်။

" ကိုယ်၀န် ... အခု ကိုယ်၀န်လို့​ ပြောလိုက်တာလား ? "

" ဟုတ် .. ဟုတ်တယ် .. ကိုယ်၀န် ... ငါ့မှာ ... ငါ့မှာ မင်းနဲ့ရတဲ့ က​လေး​လေး ရှိ​နေပြီ "

Let Me Start Again [Completed]Where stories live. Discover now