အခန်း (၁) အလန်နာ လန်းစ်

26.4K 1.5K 74
                                    

ရှရီ မျက်လုံးတွေ ဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ထရပ်ကားတစ်စီး သူမကိုတိုက်ရန် ပြေးဝင်လာနေတာပင်။ ရှောင်တိမ်းဖို့အသိဖြင့် ကြိုးစားလိုက်ပါသော်လည်း... လွတ်ဖို့ဝေးစွ၊ ချင်းချင်းနီသွားတဲ့ကွန်ကရစ်ပြင်ပေါ်က သွေးအိုင်ထဲ သူမ သေသွားခဲ့၏။ ဘာမှပင်ပြင်ဆင်ချိန်မရ...။ ကမ္ဘာအသစ်၏ ကြိုဆိုပုံက သင်းလေစွ။

နောက်တစ်ဖန် သူမ၏မျက်ဝန်းတွေကို ခဲခက်စွာဖွင့်ရင်း နိုးထချိန်မှာတော့ ဥရောပအငွေ့အသက် အပြင်အဆင်ရှိသည့် အိပ်ခန်းထဲရောက်နေခဲ့လေသည်။ ရှရီ ပစ္စုပ္ပန်အခန်းကို ဝေ့ဝဲ လေ့လာနေတုန်းမှာပဲ ပြတ်တောင်းတောင်း စက်ရုပ်သံက သူမခေါင်းထက်မှ ထွက်ပေါ်လာတော့၏။

"ဒီကမ္ဘာရဲ့ဇာတ်လမ်းကိုစတင် အသက်သွင်းပါပြီ"

လက်ရှိရှရီကူးပြောင်းလာရတဲ့ ကမ္ဘာက ဥရောပအလယ်ခေတ် (AD-15 ရာစု နှောင်းပိုင်း) Otome game ကမ္ဘာဖြစ်လေသည်။ မူလခန္ဓာပိုင်ရှင်၏ အမည်က အလန်နာ လန်းစ်..

သူမက အမြင့်ဆုံးမှုးမတ်ကြီး၏ သမီးလည်း ဖြစ်သည်။ ဒီဂိမ်းကမ္ဘာထဲမှာတော့ သူမက "I love you forever " ဆိုတဲ့နေရာကပါဝင်ရသည့် ဗီလိန်ဇာတ်ကောင်တစ်ယောက်သာ။

"အမ်..ခန ... ဘာပြောလိုက်တယ်..?"

ကြားရတဲ့ဇာတ်လမ်းကို မယုံနိုင်စွာ ရှရီက System ကို ဖြတ်မေးလိုက်၏။ သို့သော် ထိုအသုံးမကျသည့် System ကတော့ သူမကို ပြန်မဖြေလေပဲ ဇာတ်လမ်းကိုသာ ဆက်ပြောနေခဲ့သည်။

အလန်နာဟာ လက်ရှိအသက် ၂၅ နှစ်ရှိနေပြီဖြစ်ကာ သာမန်ရုံးဝန်ထမ်းအမျိုးသမီးလေးပင်။ သူမက "I love you forever" စာအုပ်ကို စွဲစွဲလန်းလန်းဖတ်သည့် စာဖတ်ပရိတ်သတ်လဲဖြစ်လေသည်။ တစ်နည်း ထိုစာအုပ်ထဲပါအကြောင်းအရာများနှင့် တူမျှသည့် Otome Game ကမ္ဘာထဲ ဝိညာဉ်ကူးပြောင်းခံလိုက်ရသူ..။

သူမက ဇာတ်၏သဘောတရားကို စာဖတ်ခဲ့ဖူးသူမို့ သူမ၏ ဗီလိန်ဇာတ်ကောင်အနေအထားကို ချိန်းပစ်ရန် ကြိုးစားလေတော့သည်။ ထိုသို့ ပြောင်းလဲရန် ကြိုးစားလိုက်သည့် အကျိုးဆက်က မူလဇာတ်လမ်းကို ရှုပ်ထွေးမှုဖြစ်ပေါ်ခဲ့ကာ အဆုံးတွင် အဓိကဇာတ်ကောင်ကို သေဆုံးစေခဲ့၏။ ယခု ရှရီကတော့ ထို ၂ ဘဝ ကူးပြောင်းခံ အလန်နာလန်းစ်နေရာသို့ ဒဗလယ်(double) ကူးပြောင်းခံလေးအဖြစ် အစားထိုးဝင်ရောက်လာရသူဖြစ်သည်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now