အခန်း (၇) ရှရီဟုမ်း (After Arc-3)

8.8K 1.2K 45
                                    

ဇာပနအခမ်းအနားကို Devon လည်းလာတယ်။ သူတို့က သိပ်ရင်းနှီးကြတဲ့ ပေါက်ဖော်ဘော်ဒါ အရင်းအခြာတွေတော့ မဟုတ်ပါဘူး။ သူတို့က ဒီအတိုင်း စီးပွားရေးပါတနာတွေပါပဲ။ လူတိုင်း သင်္ချိုင်းမြေကနေ တဖြေးဖြေးစတင် ထွက်ခွာသွားပြီ။ ပို့ဆောင် သဂြိုလ်ပေးသူတွေလည်း ပြန်သွားကြပြီ။ အဲ့ဒီအချိန်အထိ Devon ဟာ နောက်ဆုံးတစ်ဦးထဲ ကျန်နေခဲ့၏။ သူက အသစ်စက်စက် Eric ရဲ့ အုတ်ဂူကို ကြည့်ပြီး... ခပ်ဖြေးဖြေး စကားဆိုလာသည်။

" မင်း ! အတော်လွန်တဲ့ကောင် ! မင်း အုတ်ဂူကို သူမဘေးမှာ လာထားရမှာမဟုတ်ဘူးကွ ! ငါတို့ရဲ့ သူ့အပေါ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ငါတို့အသက်ကို ပေးလိုက်ရင်တောင် မလုံလောက်ဘူး ! အဲ့ဒါ မင်း သိရဲ့လား ..? "

Devon ၏ အသံက အက်ရှနာကျင်လျက်။

သူက တကယ်တော့ ဖြူစင်တဲ့ သူတော်စင်လို လူတစ်ယောက် မဟုတ်လေဘူး၊ ဝေ့လည်ကြောင်ပတ်နဲ့ ကွေ့ကောက်တဲ့သူတွေကို သူဆုံခဲ့ရတယ်။ သူဟာ ဘယ်တုန်းကမှာ ကျိုးကြောင်းမဆင်ခြင်ပဲနဲ့ သူ့လုပ်ရပ်တွေကို မစတင်ခဲ့ဖူးဘူး။ သေချာပြီဆိုမှ သူကအလုပ်တစ်ခုကို လုပ်တာ။

သို့ပေမဲ့ ဒီတစ်ကြိမ်တော့ သူလုံးဝလွဲမှားခဲ့ရတယ်။ ဂျဲနက်စ် သူ့ကိုဖောက်ပြန်နေပြီး လိမ်ညာပြောခဲ့တာတွေကို သိလိုက်ရတဲ့ အဲ့ဒီအခိုက်တန့်က ရှရီအပေါ် သူလုပ်ခဲ့မိတာတွေကအတွက် နောင်တ ရခဲ့တော့တယ်။ သိရချိန်က နှောင်းပြီး အားလုံးက လွန်ကုန်ပြီ။

ညစဉ်ညတိုင်း လိပ်ပြာမလုံစွာ စားသောက်ရတယ်။ သူရှာဖွေတွေ့ရှိခဲ့တယ်။ သူက ကလေးမရနိုင်တဲ့ မစွမ်းဆောင်နိုင်တဲ့သူ ဖြစ်တဲ့အကြောင်း၊ Janice ဟာ သူ့ကို လိမ်လည်ပြီး ဖောက်ပြန်တဲ့မိန်းမဖြစ်နေတဲ့အကြောင်း၊ သူမရဲ့ဝမ်းဗိုက်ထဲက ကလေးဟာ သူ့ရင်သွေးမဟုတ်ဘူဆိုတဲ့ အကြောင်းစုံကို သူရှာတွေ့ခဲ့တယ်။ အဲ့ဒီနောက် သူဟာ ညစဉ်ညတိုင်းမှာ အိမ်မက်ဆိုးတွေ စရလာတော့တာပဲ။

သူလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူက Janice ပြောသမျှကို ယုံပြီးလုပ်ပေးခဲ့တာ။ သူက အရူးလိုလူ၊ ငတုံးပဲ....' ဒီဗွန် ! မင်းလောက် တုံးအတဲ့သူ ရှိသေးရဲ့လားကွာ !'

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now