အခန်း (၉) အလန်နာ လန်းစ်

10.6K 1.4K 77
                                    

မသင်္ကာစရာအနံကို ရလိုက်သည်မို့ ရှရီခေါင်းထဲအချက်ပေးသံတွေ မြည်လာခဲ့သည်။ ပထမဆုံး လှုပ်ရှားလိုက်မိတာက ဂါနီ့ကို သူမ၏အနောက်ဘက်သို့ ဆွဲပို့လိုက်ခြင်းပင်။

လူငါးယောက်ဟာ ရှရီနဲ့ ဂါနီဆီဦးတည်လာနေပြီး သူတို့ရဲ့သွေးရောင်မရှိတဲ့ နူတ်ခမ်းတွေကို စိတ်အားထက်သန်စွာ သပ်လိုက်ကြသည်။ သူတို့ထဲက တစ်ယောက်ကစပြီး ရှရီတို့သွားလမ်းကို ပိတ်ဆို့ထားလိုက်၏။

"အလကားရတဲ့ သရေစာလေးတွေ"

သူတို့ထဲကတစ်ယောက်က ပြောလိုက်၏။

သူတို့ထဲက အမျိုးသမီးတစ်ယောက်က အနီးသို့လျှောက်လာရင်း....

"Fred ! ငါတို့ရဲ့ အချိုပွဲလေးကို လာမကစားစမ်းနဲ့ "

အပြောနှင့်အတူ ထိုအမျိုးသမီးက ရူးကြောင်ကြောင်အပြုံးကိုလည်း ပြုံးလိုက်သေးသည်။

ရှရီဟာ သူမတို့အနေအထားကို သုံးသပ်လိုက်၏။ ဇာတ်ကြောင်းရဲ့ plot တွေကို သူမအလွတ်ရထားသည်မို့ လက်ရှိအခြေအနေကို ချက်ချင်းနားလည်နိုင်လေသည်။ ယခုနှစ်ဟာဖြင့် ဇာတ်ကြောင်းမှာ သွေးစုပ်ဖုတ်ကောင်လို အဖျက်ကောင်တွေ သွေးစုပ်ယူမှုနေရာအနှံမှာ အမြောက်အများ ဖြစ်ပွားတဲ့ နှစ်ကာလထဲမှာဖြစ်သည်။ အဲ့ဒီဖုတ်ကောင်တွေက လူသွေးကို စုပ်ယူသောက်သုံးကြသည့် ဆိုးဝါးကြသူများဖြစ်သည်။

ရှရီစိတ်ကို အခြေအနေကောင်းစေတာက ဂါနီကိုထိုကာလမတိုင်ခင် သေချာထရိန်နင်ပေး သင်ပြထားခဲ့မိသောကြောင့် ဖြစ်သည်။ ဂါနီကိုအရေးပေါ်တစ်စုံတရာ အခြေအနေမျိုးမှာ သူမစိတ်မပူချင်ပေ။ နောင်ဖြစ်လာမည့် ဒီကမ္ဘာက တိုက်ပွဲတွေအကြောင်းကိုလည်း ရှရီကြိုသိထားခဲ့သည်။ ထို့ကြောင့် အလန်နာအဖြစ် နိုးထပြီးနောက်ပိုင်း ညဘက်တွေမှာ ဂါနီ့ကို ကိုယ်ခံပညာရပ်တွေ သင်ကြားလေ့ကျင့် စေခဲ့သည်။ ယခုတော့ ထိုအရာက အသုံးဝင်သည့်နေ့သို့ ရောက်လာလေပြီ။

ရှရီ၏ စိတ်ရှည်လက်ရှည်ဖြင့် စနစ်တကျသင်ပြမှုတို့ကြောင့် ဂါနီဟာ တိုက်ရည်ခိုက်ရည်ကောင်းနှင့် လုံလောက်သည့် ကြံ့ခိုင်မှုလည်း ရှိလေသည်။ ယခုဆို ဂါနီဟာ လူသားစစ်တပ်မှ စစ်သည်တစ်ဦးလို အစွမ်းရှိသည့် မိန်းကလေးတစ်ယောက် ဖြစ်နေလေပြီ။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now