အခန်း (၅) အလန်နာ လန်းစ်

10.9K 1.4K 32
                                    

Sheri ယခုကမ္ဘာမှာ ဘယ်လိုစီးပွားရေး စလုပ်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး အစီအစဉ် တစ်ခုကိုရေးဆွဲတော့သည်။ သူမ၏ ကျွမ်းကျင်မှုတွေက အသုံးဝင်လိမ့်မယ်ဆိုတာလည်း သိထားသည်။ အိမ်တော်ကိုရောက်တာနဲ့ Sheri က တစ်နှစ်အတွင်းက သတင်းစာတွေယူလာဖို့ Ghani ကို ခိုင်းလိုက်သည်။ အခွင့်အလမ်းတွေ၊ ဖြစ်ရပ်တွေကို ထိုသတင်းစာကနေ ကြည့်ပြီးသိနိုင်သည် မဟုတ်လား..? ကံကောင်းသည်က Sheri ကိုယ်၌က Business Lady စစ်စစ် ဖြစ်နေတာပင်။

? ကံကောင်းသည်က Sheri ကိုယ်၌က Business Lady စစ်စစ် ဖြစ်နေတာပင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

စီးပွားရှာတော့မယ့် မတ်မတ် Sheri

{'ငါ့ကမ္ဘာက အင်တာနက်လေး အလွယ်သုံးခဲ့ရတာကို လွမ်းလိုက်တာ'}

Sheri ဟာ ဒီဘာမှမရှိတဲ့ ငြီးငွေ့ဖွယ်ကမ္ဘာထဲ အင်တာနက်အမြန်ပေါ်လာဖို့ကိုတောင် ဆုတောင်းမိသေး၏။

Ghani က ရှရီကိုစိတ်မပျက်စေခဲ့ဘူး၊ ရှရီခိုင်းလိုက်တဲ့ သတင်းစာတွေအားလုံးကို သူမက စုစည်းယူလာနိုင်တယ်။ Sheri ဟာ သူ့အခန်းကိုသေချာလော့ခ်ချလိုက်ပြီး သတင်းစာတွေ တစ်စောင်ပြီးတစ်စောင်ကို စဖတ်တော့တယ်။ သူမက မူလ Alana ရဲ့ မှတ်ဥာဏ်တွေထဲကနေ နှိုးဆွ ရှာဖွေတာကိုလည်းလုပ်တယ်။

မူလ Alana က တကယ့်အမိုက်စားမှတ်ဥာဏ်ကို ပိုင်ဆိုင်တာက ရှရီကိုစိတ်ကျေနပ်စေတယ်။ တစ်ခါကြည့်လိုက်တာနဲ့ ခေါင်းထဲမှာဓာတ်ပုံရိုက်ပြီး သိမ်းထားသလို စွဲမြဲထင်ရှားနေတဲ့ မှတ်ဥာဏ်။ ဒါက အလွန်အဖိုးတန်တဲ့အရာပဲ။ ၁ နာရီကျော်ကျော်လောက် သတင်းစာတွေ ဖတ်ပြီးချိန်မှာတော့ လက်ရှိကမ္ဘာရဲ့ လည်ပတ်ပုံ၊ စီးပွားရေး စီးဆင်းလုပ်ဆောင်ပုံတွေ ရှရီဟာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီ ဖြစ်သည်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now