အခန်း (၂၅) အလန်နာ လန်းစ်

9.9K 1.2K 21
                                    

Sheri ဟာ နောက်ထပ်သွားရမယ့် ခြေလှမ်းကို သေချာစဉ်းစားနေခဲ့တယ်။ သူမ၏ မစ်ရှင်က ကွာရှင်းပြတ်ဆဲနိုင်ဖို့ပဲ၊ လက်ရှိမျက်မှောက်မှာ သူမလိုချင်နေတဲ့အခွင့်အရေးကလည်း အိန်ဂျလိုက လမ်းဖွင့်ပေးလိုက်ပြီမို့ အသင့်အနေအထား။

သို့သော် ရှရီ၏ ကိုယ်အတွင်းက အလန်နာ၏ ကြင်နာတတ်သည့် နှလုံးသားဆီက ခုန်လှုပ်နေသံက အတွင်းမှာရှိနေပြန်သည်။ အကယ်၍ မူလအလန်နာသာ ရှင်သန်နေဦးမည်ဆိုလျှင်, သေချာပါသည်။ ထိုမိန်းကလေးဟာ သူမ၏ သဘာဝစိတ်ထားလေးအတိုင်း အိန်ဂျလိုကို ခွင့်လွှတ်ပေးမှာပင်။

ဒါပေမဲ့ ယခုကား အလန်နာ၏ ကိုယ်အတွင်းရောက်ရှိနေသူက ရှရီဖြစ်နေလေပြီ။

Sheri ဇဝေဇဝါ ဖြစ်နေခဲ့၏။ သူမချက်ချင်းဆိုသလို " ကောင်းပြီ၊ လမ်းခွဲကြစို့" လို့ပြောချင်သည်။ သို့ပေသိတိုင် သူမခန္ဓာကိုယ်က ငြင်းဆန်နေ၏။ အဲ့ဒါက သူမခန္ဓာကိုယ်၏ ဟိုအတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာကလာသည့်အတွက် ရှရီ မျက်မှောင်ကြုံ့မိပြန်သည်။

{'အလန်နာ ..! နင်တကယ်ပဲ ဘာလိုချင်တာလဲ ' } Sheri အတွေးမှတဆင့် လွန်ဆွဲလျက် ပြောလိုက်မိသည်။ သူမ အိန်ဂျလိုကို တစ်ချက်ပြန်ကြည့်လိုက်မိပြန်၏။ အဲ့ဒီနောက် သူမ နူတ်မှ တုံ့ဆိုင်းဆိုင်း ထွက်လာသံက.....

" ငါ မသိတော့ဘူး အိန်ဂျလို ...! ငါတကယ် ဘာလုပ်ရမလဲ ငါမသိတော့ဘူး"

ထိုစကားက သူမ၏ နူတ်ထွက်စကားလား..? အဟုတ်ကိုပဲ၊ သူမ၏ မစ်ရှင်က ကွာရှင်းနိုင်ဖို့လေ..! သို့ပေမဲ့ ခန္ဓာကိုယ်က မလိုလားကွဲပြားစွာ ဆန့်ကျင်နေသတဲ့လား..? ထူးဆန်းတာထက် အတော်လေးကို သူမအား စိတ်ကသိကအောက်ဖြစ်စေသည်။ ဒီအနေအထားက လုံးဝပုံမှန်ဟုတ်မနေဘူး။ ရှရီအတွေးတွေ များနေရပြီ။

" ကိုယ်မင်းကို ဘယ်တော့မှတွန်းအားပေးမှာ မဟုတ်ပါဘူး၊ မင်းရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်စောင့်နေမှာပါ၊ မင်းကိုယ့်ကိုထွက်သွားစေချင်ရင်, မင်းမျက်လုံး တွေရှေ့ကို ကိုယ်ဘယ်တော့မှ ပေါ်မလာတော့ပဲ ပျောက်ကွယ်နေစေရပါမယ်။ မင်းသာ ကိုယ့်ကို ခွင့်လွှတ်ပေးခဲ့မယ်ဆိုရင်တော့ မင်းအတွက် ကိုယ်အရာရာဖြစ်စေရပါ့မယ် "

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now