အခန်း (၂၂) အလန်နာ လန်းစ်

9.9K 1.2K 26
                                    

Sheri ဟာ သူမေးဖျားကို ဆွဲမော့ပြီးကြည့်နေသည့် အိန်ဂျလို၏ လက်တွေကိုရိုက်ထုတ်လိုက်သည်။ သူမ၏ သီးခံနိုင်စွမ်းက လစ်မစ်ကျော်သွားလေပြီ။ ထို့နောက် သူမ နူတ်မှ....

"တော်လိုက်တော့.. !ရပ်လိုက်ပါတော့ ! ရှင့်ရဲ့ နတ်ဘုရားမဆီကိုသာ သွားစမ်းပါ.. ! ကတ်သရင်းကိုပဲ သွားဂရုစိုက်ချေ.. ! အရေးမပါတဲ့ ကျမကို ဂရုစိုက်ချင်ယောင်တွေ ဆောင်ပြမနေစမ်းပါနဲ့.. ! ကျမ ရှင့်ကိုလဲ မကြိုက်တော့ဘူး.. ! ဘယ်တော့မှလဲ ရှင့်မိန်းမအနေနဲ့ ပြန်မလာနိုင်တော့ဘူး.. ! ရှင်က.. b××××× ! ပဲ၊ ကျမအတွက် ရှင်က p××××! ပဲ ၊ ထွက်သွား... ! မျက်စိရှေ့က အခုချက်ချင်း ထွက်သွား"

Sheri ဟာ ဆိုးဆိုးဝါးဝါး ကျိန်ဆဲသံတွေဖြင့် ဒေါသတကြီး အိန်ဂျလိုကို အော်ဟစ်လိုက်၏။

သူမမုန်းနေပြီ၊ မကောင်းတဲ့ခံစားချက်တွေနဲ့ ကြောက်ရွံ့မောပန်းရတာ သူမမောနေခဲ့ပြီ။ OOC ထိမှာကိုလည်း သူမစိတ်မပူတော့။ အလန်နာရဲ့ ယောင်္ကျားဆိုတဲ့ ဒီလူ့ဆီက ဘာမှန်းမသိတဲ့ သူမကိုလွှမ်းမိုး ရှုပ်ထွေးစေမှုတွေကနေ သူမ လွတ်ချင်လှပြီ။

မတွေးချင်တော့ဘူး။ ဒီလူနဲ့ပတ်သက်ပြီး ဘာကိုမှ...

Angelo နှင့် Ghani မှာ ရှရီ၏ တူးတူးခါးခါး တုံ့ပြန်မှုကို မမျှော်လင့်ထားခဲ့သည်မို့ သူတို့ရှော့ရနေလျက်...

Angelo က လုံးဝတိတ်ဆိတ်လျက်။ ချောမောအေးစက်တည်နေသည့် မျက်နှာက အတန်ငယ်ဖြူဖျော့သွားတာလွဲ၍ မသိသာလိုက်ပေ၊

သို့သော် ဂါနီကတော့ ကွဲလွဲလျက်။ သူမ၏ ပါးစပ်တွေက ပြန်စေ့ဖို့သတိမရသည့်အလား ' ဟ 'လျက်အနေအထား။

" မင်း ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်လာဖို့ ကိုယ်ဘာလုပ်ပေးရမလဲကွာ "

သူ့အသံက ချော့မော့နေသလို သိမ်မွေ့စွာ ထွက်ပေါ်လာသည်။

" ရှင် ခုထိ ဒီမှာရပ်နေသေးတာပဲလား..? အခုထွက်သွား.. ! ထွက်သွားတော့လို့.."

Sheri ဟာ အိန်ဂျလို ကိုအိမ်အပြင်သို့ အတင်းတွန်းလွှတ်ကာ အဝင်တံခါးကို လော့ခ်ချလိုက်၏။

ထို့နောက် မီးဖိုချောင်အတွင်း ဝင်လာကာ ဝိုင်ပုလင်းကိုဆွဲထုတ်ပြီး တစ်ကျိုက်ထဲမော့လေတော့သည်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now