အခန်း (၁၉) အလန်နာ လန်းစ်

10.7K 1.4K 117
                                    

အိန်ဂျလို မေးခွန်းကြောင့် ဂျက်က သဘောတကျရယ်တယ်။

"အမ်း .. ကြီးကျယ်ခန်းနားပြီး ဘာကိုမှဂရုမစိုက်ပဲ ကြောက်စရာကောင်းလှပါတယ်လို့ နာမည်ကြီးလှတဲ့ ဗန်ပိုင်းယားခေါင်းဆောက်ကြီးမှာတောင် သူ့ဇနီလေးကြောင့် ခက်ခဲနေရတဲ့ အချိန်ရှိဦးမယ်လို့ ထင်တောင်မထင်ထားမိဘူး"

ဂျက်က သူကိုယ်တိုင်လည်း ဝိုင်တစ်ခွက် ငှဲ့ယူလိုက်ရင်းဖြင့် အခွင့်ရတုန်းတွယ်ရသည်ဟု သဘောထားကာ သူ့ဝမ်းကွဲအစ်ကို ရယ်မောလျက် ဖဲ့လေသည်။

ရိသဲ့သဲ့ သူ့ကိုဖဲ့နှိမ်လိုက်တာပေမဲ့ Angelo ဂျက်ကို အရင်လိုမတုံ့ပြန်နိုင်ချေ။

"ပထမဟာကို ပထမလုပ်ရတယ်..! မိန်းကလေးတစ်ယောက်ကို သူ့ကို မင်းကြိုက်နေတာသိအောင် အရင်ပိုးပန်းရတယ်၊ ပြီးမှ ခွင့်လွှတ်မှုကို တောင်းခံရတယ်၊ လုပ်စမ်းပါ...သူမအလိုရှိရာလေးတွေ၊ ချိုမြိန်တာလေးတွေနဲ့ အရင်စမှပေါ့.."

Jack က တက်တက်ကြွကြွပင် အိန်ဂျလိုကို သူ့မိန်းမကို သူပြန်ပိုးနိုင်မည့်နည်းလမ်းကို ပို့ချလေ၏။

အိန်ဂျလိုက ဂျက်၏ စကားကို တစ်ခွန်းမှမတုံ့ပြန်လေဘဲ လက်ထဲမှ ဝိုင်ကိုသာ တိတ်တဆိတ်သောက်နေခဲ့သည်။

အလန်နာပြောခဲ့သည့် စကားများသည် တစ်လုံးမှမမှားပါချေ။ သူလုပ်ခဲ့မိသည့် အရာအားလုံးအတွက် ခုချိန်မှာ ဝမ်းနည်းသလိုခံစားနေရသည်။ ကုန်လွန်ခဲ့သည့် လတွေမှာ သူမလေးကို သူလိုအပ်တာကို သိစေရန် သူအကောင်းဆုံးကြိုးစား ပြသခဲ့ပေမဲ့ အရာမထင်ခဲ့ချေ။ သူမလေးက သူ့ကို နည်းမျိုးစုံဖြင့် ရှောင်တိမ်းခဲ့သလို လျစ်လျှူရှုထားခဲ့သည်။ သူ့ကို ဘယ်လောက်မုန်းနေမည်ကို မှန်းဆ၍ ရပါသည်။ သူပို့လာသည့် လက်ဆောင်များကို သူ့ဆီပြန်ပို့လာတိုင်း သူ့ရင်တွင်းက ခါးသီးလာကာ သူ့လက်အောက်ငယ်သား တွေကိုပင် တုန်လှုပ်ထိတ်လန့်မိစေသည်အထိ။

Angelo သူ၏ ညာလက်ရုံးကို အခန်းတွင်းလာရန် ခေါ်လိုက်၏။

အရပ်ရှည်ရှည်လူတစ်ယောက် ဝင်လာသည်။ သို့သော် အခန်းတွင်းရှိ လူသတ်လိုသည့် လေထုဖိအားကြောင့် ထိုလူမှာ ကြောက်ရွံ့သွားရသည်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now