အခန်း (၂) ရှရီဟုမ်း (After Arc-3)

9K 1.2K 132
                                    

" ရယ်လေ..! ဘာလို့မရယ်တာလဲ ..! ရယ်စမ်းပါ ! အားရပါးရရယ်လိုက် ! နင်ဘာလို့မရယ်ရတာလဲ ? "

ရှရီဟာ ငိုလျက်အသံတိမ်ဝင်သွားခဲ့ပြီး Eric အရှေ့သို့ ဒူးထောက်ကျသွားရ၏။

Eric ဟာ ခပ်မစိတ်ငြိမ်သက်လျက် ညစ်ပတ်ပြီး မှတ်တောင်မမှတ်မိနိုင် လောက်အောင်ဖြစ်နေသည့် ရှရီ၏ အသေကောင်မျက်နှာကို ကြည့်နေခဲ့သည်။ သူဘာခံစားနေရသလဲ သူ့ကိုယ်၌ပင်မသိ။ ယခု Janice ကို အနှောက်အယှက် ပေးမည့်သူတစ်ယောက်ကတော့ လူ့လောကထဲက အပြီးတိုင်ပျောက်သွားခဲ့ပြီ။ ဒါပေမဲ့ ဘာလဲ ဒီခံစားချက်က ! သူဆုံးရှူံးသွားတယ်လို့ ဘာအတွက်ယခု ခံစားနေရတာလဲ ...?

ထိုဖြစ်ရပ်ကို အစအဆုံး ပြဇာတ်တစ်ခုကြည့်သလို ကြည့်ပြီးပြန်သွားခဲ့သူ တစ်ဦးလည်းရှိတယ်။ သူက အခြားသူမဟုတ်ဘူး။ အမြဲ အေးစက်တည်တင်းတဲ့ ကြောက်စရာအရှိန်အဝါနဲ့ ခန့်မှန်းရခက်တဲ့ Devon ပဲဖြစ်သည်။

Devon အိမ်ပြန်ရောက်ချိန်မှာ Janice ဟာပျော်ရွှင်စွာနဲ့ ထွက်ကြိုလေသည်။ သူမက သူမအရှေ့က ချောမောတဲ့သူ့ယောင်္ကျားကို ကြည့်ပြီးကျေနပ်နေခဲ့၏။ Devon ဟာလည်း သူ့အရှေ့က Janice ကို ကျေနပ်ကြည်နူးစွာကြည့်လိုက်၏။ ယခုဆိုသူ့ဇနီးလေးမှာ သူ့ကိုယ်ဝန်လွယ်ထားရပြီ။

"ရှင် ဘယ်တွေသွားနေတာလဲ ..?"

Janice ၏အသံက နူ့နူ့ညံ့ညံ့လေး

Devon က သူမကို ကြည့်လျက် ပြုံးလိုက်ရင်း

"ကိုယ့်လုပ်ငန်းကိစ္စလေး နည်းနည်းသွားကြည့်တာပါ "

သူကအတွေးထဲနစ်မျောလျက် ဖြေလိုက်၏။ တစ်ဆက်ထဲ Janice ကိုဖက်ပွေ့ကာ အနမ်းချွေလိုက်၏။ သူက ဒူးထောက်ထိုင်လိုက်ရင်း သူမ၏ ဝမ်းဗိုက်ကိုလည်း အနမ်းတစ်ချက်ပေးလိုက်၏။ Janice ဟာ ယခုဆိုလျှင် ကိုယ်ဝန် ၅ လရှိနေပြီ ဖြစ်သည်။ Devon က သူ့ဇနီးကို အိပ်ခန်းဆီ ဆွဲခေါ်လာပြီး အိပ်ရာပေါ်တင်လိုက်၏။ သူတို့အချစ်ရမက်တွေ ထကြွလျက် နမ်းရှိုက်ကြ၏။ သေချာပါသည်...ဒါဟာအိမ်ထောင်သည်တွေ လုပ်ကြမယ့် အာဝါဟဝိဝါဟ အိပ်ရာပေါ်က ကိစ္စပဲဆိုတာ...။

သို့သော် Devon ! သူထူးဆန်းသလို ခံစားနေရ၏။ သူ့အောက်ပိုင်းက အငယ်ကောင်က လုံးဝထောင်မတ်မလာချေ၊

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now