အခန်း (၇) အလန်နာ လန်းစ်

10.8K 1.4K 67
                                    

Sheri ဟာဈေးဝယ်နေရင်းဖြင့် ဆိုင်နှစ်ဆိုင်လောက်အလွန်မှာ သူမအနောက်မှ တစ်စုံတစ်ဦးလိုက်နေတာကို သတိထားမိလေသည်။ ခြေလှမ်းတွေကို ခပ်မြန်မြန်လှမ်းလိုက်ရင်း လူသူထူထပ်တဲ့ နေရာတွေကိုရွေးလျှောက်လိုက်၏။ နောက်ယောင်ခံလိုက်လာတဲ့ လူကို Sheri ဟာ မြန်မြန်ဆန်ဆန်ပဲ မျက်ခြေဖြတ်နိုင်ခဲ့လေသည်။ လူအများကြား ရောနှောရင်း ကိုယ်ယောင်ဖျောက်ဖို့က Sheri အတွက် ထမင်းစားရေသောက်သလို လွယ်ကူလှသည်မဟုတ်လား။

Sheri သူမအိမ်ကို ပြန်ရောက်ချိန်မှာတော့ မီးဖိုချောင်ဘက်ကို အရင်သွားလိုက်ပြီး သွေးဖျော်ရည်ကို ယူသောက်လိုက်၏။ ပထမတော့ ဒီလိုသောက်ရတာကို သူမစက်ဆုပ်ရွံရှာမိသေးသည်။ သို့သော်လည်း သောက်ပြီးချိန်မှာတော့ ထိုအရသာကိုဟို အရင်ကတည်းက ကြိုက်ခဲ့ဖူးသည့်အတိုင်း နှစ်ခြိုက်နေတာကို တွေ့ရလေသည်။

အရသာအပေါ်မှာ စိတ်ကျေနပ်စွာ အချိုရည်သောက်သလို လန်းဆန်းတက်ကြွနေတဲ့ Sheri ဟာ ဟောခန်းကိုဖြတ်လာရင်း သီချင်းတစ်ပုဒ်ကို ညည်းနေလေသည်။ ထိုသီချင်းက သူမရဲ့ကမ္ဘာက သီချင်းပင်။ သီချင်းကိုနှုတ်က ညည်းနေသည်သာမက စည်းချက်ညီညီဖြင့် ကနေရင်း သူမ၏ အိပ်ခန်းရှိရာသို့ ဦးတည် လာခဲ့သည်။ တဖက်ကလည်း ဈေးဝယ်လာတဲ့ ရှော့ပင်းဘတ်ကြီးကို ကိုင်ထားရင်း၊ အဆိုအကမပျက်...သူမပုံစံ တစ်ကမ္ဘာလုံးတွင် တစ်ယောက်ထဲရှိနေသည့်အလား...။

အခြားတစ်ဖက်မှာတော့ သူမ၏ထိုအပြုအမူ၊ အမူအယာမျိုးစုံကို အေးအေးလူလူ လက်ပိုက်ကြည့်နေသူ တစ်ဦးလည်း ရှိနေလေသည်။

ကလို့ဝသွားတဲ့ ရှရီဟာ ယခုမှပစ္စုပ္ပန်ကာလကို ပြန်ရောက်လာဟန်တူသည်။ သူမ၏ ပတ်ဝန်းကျင်အား သတိထားမိလိုက်ချိန်မှာတော့ အမျိုးသားတစ်ယောက်ဟာ အခန်းထဲက သူမအကြိုက်ဆုံး ကုလားထိုင်မှာ ကျကျနနထိုင်နေတာကို တွေ့လိုက်ရလေသည်။ ထိုလူ့ပုံစံက ခန့်ညားသော အရှိန်အဝါတွေထင်းနေသည်။ အင်မတန်လည်း ကိန်းကြီးကန်းကြီးနိုင်မည့်ပုံပင်။

သူမကိုစောင့်နေဟန် ရူ့တည်တည်အကြည့်က ပိုင်စိုးပိုင်နင်းရှိလှသည်။ သို့သော် ရှရီကိုပိုတုန်လှုပ်စေတာက ဒီလူဟာ တစ်စုံတစ်ယောက်နဲ့ တူလွန်းနေတာပဲ ဖြစ်သည်။ ရှရီရုတ်တရက် မျက်နှာရှိ သွေးယောင်တွေ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now