အခန်း (၂၃) အလန်နာ လန်းစ်

10.3K 1.1K 52
                                    

အောက်ပါအကြောင်းအရာများသည် ၁၈ + အရေးအသားများဖြစ်ပါသဖြင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ရှုပါရန်.....

ဂျက်တစ်ယောက် သူ့အရှေ့က မျက်နှာနီနီဖြင့် ငမူးမလေးကို ငေးနေမိသည်။

{ 'ကြည့်ပါဦး ဘယ်လောက်တောင်သောက် လာခဲ့တာလဲ အဆိုးလေး'}

ထိုအတွေးနဲ့အမေးအတွက် အဖြေက ရဲရဲနီနေတဲ့ ဂါနီ့ရဲ့မျက်နှာက သက်သေပါပဲ၊ မျက်နှာရဲရဲလေးနဲ့ရပ်နေတဲ့ ထိုမိန်းကလေးဆီကနေ သူမအသက်ရှုလိုက်တိုင်း ထွက်လာတဲ့ အယ်ကိုဟောရနံ့ကိုတောင် သူရနေခဲ့တယ်။

ငမူးမလေး ဂါနီကတော့ သူ့အိမ်သူ့ယာအလား သူမတို့အိမ်ထဲက ထွက်လာတဲ့လူကို ရူ့တည်တည်ပြန်ကြည့်ရင်း...

"နေပါဦး ရှင်ကဘာလို့ ကျမအိမ်ထဲရောက်နေရတာလဲ..?"

ဂါနီမေးခွန်းထုတ်တယ်။ ထိုအမေးအတွက် ဂျက်က အသာအယာပြန်ဖြေလေသည်။

"ဒီမနက်ခင်းက မင်းပဲတံခါးမပိတ်ပဲ ထွက်သွားတာလေ"

ဂါနီသူ့အပြောကြောင့် ဇဝေဇဝါဖြစ်သွားလျက် အိမ်ထဲဝင်လိုက်၏။ ဂျက်ကလည်း အနောက်မှလိုက်ဝင်ကာ အိမ်တံခါးကိုပိတ်လိုက်လေသည်။သူ့ပုံစံက အိမ်သူသက်ထားပြန်အလာကို ကြိုနေသည့် အိမ်ကြီးသခင်လိုလို...။

တောက်တဲ့ကပ်နေရင် မိုးကြိုးပစ်မှကွာနိုင်တယ်လို့ ပြောကြသည့်အတိုင်းဆိုလျှင် ဂျက်ကတော့ မိုးကြိုးလဲကယ်နိုင်မည်မထင်။ သူက ဂါနီ့အနားမှာ ဘယ်တော့မှ မကွာချနိုင်တော့သည့် တောက်တဲ့ကြီးအလား။

"တကယ်ကြီး တံခါးမပိတ်ခဲ့ဘူးလား..? ဟမ့် မဟုတ်ပါဘူး၊ မနက်က ရှင့်ကိုမြင်တာနဲ့ တံခါးပိတ်ပစ်လိုက်တာပါ၊ ပြီးမှ ကျမထွက်သွားတာ.. ! ပြောစမ်း ! ရှင်ဘယ်လိုဒီထဲရောက်နေတာလဲ..? "

သူမ မူးနေတယ်ဆိုရင်တောင် ကောင်းကောင်းတော့တွေးနိုင်သေးတယ်။ {'ဟမ့် ကျမကို ရှင် လှိမ့်လို့မဘူး' }

တံခါးဆီသက်တောင့်သက်သာလေး မှီနေတဲ့ ငမူးမလေးဆီ ဂျက်ကတိုးလိုက်ပြီး သူ့ဘက်ကိုဆွဲယိုင်စေလျက်....

"ဂါနီ.. ! ကိုယ်မင်းကို တကယ်ချစ်တာပါ.. ! ကိုယ်တကယ်မင်းရဲ့ ချစ်သူဖြစ်ချင်တာပါ.. ! ကိုယ့်မှာချို့ယွင်းချက်တွေ ရှိနေပေမဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာဖို့ ကိုယ်ကြိုးစားပါ့မယ်ကွာ"

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now