အခန်း (၅) ရှရီဟုမ်း (After Arc-3)

8.6K 1.2K 93
                                    

ဒီဗွန်ဟာ အချိန်မည်မျှ ကြာသွားသည်မှန်း မသိတော့လောက်အောင် ထိုနေရာမှာထိုင်နေခဲ့သည်။ ရှရီကတော့ သူ့အဘိုးအုတ်ဂူရှေ့ထိုင်နေတာပဲဖြစ်ဖြစ်၊ တစ်ခုခုလှုပ်ရှားပြုမူတာပဲ ဖြစ်ဖြစ် တစ်ခုမလွတ်အောင် သူ့ကိုကြည့်နေခဲ့တာပဲ ဖြစ်သည်။ သူဘာတွေ တွေးနေသလဲတော့ ရှရီမခန့်မှန်းနိုင်ချေ။ ထိုအချိန်၏ ရှည်ကြာတိတ်ဆိတ်မှုကို Devon ၏ဖုန်းမြည်သံက နှိုးဆွလိုက်၏။

ရှရီဟာ သိလိုစိတ်ဖြင့် သူ့နံဘေးသို့လျှောက် သွားလိုက်ပြီး နားကပ်ထောင်လိုက်၏။ ဒီဗွန်က ဖုန်းမှ ခေါ်ဆိုသူအမည်ကိုတစ်ချက်စစ်လိုက်ပြီး ကိုင်လိုက်၏။ ရှရီကလည်း သူတို့အပြန်အလှန်ပြောဆိုချက်ကို နားစွင့်နေ၏။

" မြေးလေး ! ဘွားပါ ! သားဘယ်မှာလဲ ..? Janice က သားခုထိအိမ်ပြန်မလာသေးဘူးလို့ ဘွားကိုပြောတယ် ! မင်းအခုဘယ်မှာလဲ ..? "

ဖုန်းကိုင်လျှင်ကိုင်ချင်း သူ့အဖွားက ဖုန်းထဲမှဆိုလာလေသည်။

" ဘွား ! ကျနော် ကလေးမရနိုင်ဘူး တဲ့ "

Devon က အမြှီးအမှောက်မတည့်၊ နိဒါန်းမပျိုးလေပဲ ရုတ်ချည်းပြောချလိုက်၏။

သူ့အနီးနားကပ်ကာ အသံနားစွင့်နေတဲ့ ရှရီတစ်ယောက် ရင်တောင်တုန်သွားရ၏။

" မင်း ဘာကလေးမရနိုင်တာ ! ဘာတွေပြောလျှောက်ပြောနေတာလဲ ဒီကလေး ! အဲ့ဒီဟုမ်းစ် မျိုးနွယ်မိန်းကလေးနဲ့ တောင်ဖြစ်သေးတယ်မလား..? အဲ့ဒီမိန်းကလေးအတွက်နဲ့ မင်း Janice ကို တွန်းထုတ်စရာမလိုဘူး ! အခုမင်းမှာ ဂျဲနက်စ်နဲ့ ကိုယ်ဝန်တာင်ရနေပြီလေ ! ဒါတောင် ဘယ်လိုများမင်းက ကလေးမရနိုင်တဲ့သူလို့ ပြောနေရသေးလဲ..? "

သူ့အဖွားဆီမှာ သူ့ကို အချက်အလက်နဲ့တကွ ထောက်ပြဆူပူလာခဲ့၏။ သူသိနေတယ်၊ ဘယ်လိုမှ ယုံမှာ မဟုတ်ဘူးဆိုတာကို...။

" ကျနော် ခုပဲ...ကျနော်ကလေးရဖို့ မစွမ်းတာကို ရှာတွေ့ခဲ့တာ ! ဂျဲနက်စ်က ဘယ်တုန်းကမှ ကနော့်ကိုယ်ဝန် မရှိခဲ့ဖူးဘူး။ အခုသူ့ဗိုက်ထဲက ကလေးက ကျနော့်ကလေး မဟုတ်ဘူး ! "

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now