အခန်း (၂၇) အလန်နာ လန်းစ်

9.8K 1.2K 70
                                    

Sheri အနား လောရန့်မိဘတွေ ထွက်သွားပြီးခနအကြာမှာ အလန်နာ့မိဘတွေ ထပ်ရောက်လာကြသည်။ သူတို့က သူတို့သမီးကို အကောင်းဆုံးဘေးမှ ကာကွယ်ပေးနေကြ၏။ ထို့ကြောင့် Sheri ဟာ တို့ကို ကတိုက်ကရိုက် အော်ပြောလိုက်၏။

" ပါး နဲ့ မား ! သမီးကို အာရုံမထားနဲ့ ! သေချာဂရုစိုက်ပါ"

Sheri ဟာ ဆက်လက်ပြီး တိုက်ပွဲကို ပြင်းထန်စွာ ပါဝင်တိုက်ခိုက်နေခဲ့၏။ သူမ၏ ရွေ့လျားမှုတိုင်းက တစ်ချက်ဆို တစ်ချက်ထိထိမိမိ၊ လက်တစ်ချက်လှုပ်တိုင်း အသက်တစ်ကွက်ပြုတ်ကျသွားကြ၏။ တစ်ချက်ရွေ့လေတိုင်း ရန်သူဗန်ပိုင်းယားတစ်ကောင် အငွေ့ပျံသွားရလေသည်။

ထိုအချိန်မှာပဲ အိန်ဂျလိုဟာ တိုက်ပွဲကိုရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်နေလျက်က သူ့ဒေါင့်ကျကျဆီမှ အလန်နာကို မြင်သွားခဲ့လေသည်။

သူကအလန်နာနှင့် သူမမိဘတွေရှိရာဆီ အရှိန်ဖြင့် ချက်ချင်းရောက်လာကာ...

အလန်နာမိဘတွေထံ မျက်လုံအကြည့်ဖြင့် တောင်းဆိုလိုက်ယုံသာမက နုတ်မှလည်းစိုးရိမ်တကြီး အော်ပြောလေတော့သည်။

" သူ့ကို ခေါ်ပြီးတိုက်ပွဲက ထွက်သွားလိုက်ပါ !"

Sheri ဟာတိုက်ခိုက်နေရင်းဖြင့် သူမကိုထိုလူ စိတ်တွင်းထား သောကများနေသည်ကို သိသဖြင့် ပြန်အော်ပြောလိုက်၏။

" ငါ ကူညီနိုင်တယ် ! "

သူမအော်ပြောနေလျက်က အရှေ့တိုးလာသည့် သွေးစုပ်ကောင်တစ်ကောင်ကို လျပ်တပျက် ထိုးသတ်လိုက်သည်။ အလန်နာမိဘတွေဟာ အိန်ဂျလိုထံ ပြန်အကြည့်ပို့လိုက်၏။ အကြည့်တွေသာ စကားပြောတတ်လျှင် ထိုအကြည့်က {'မင်း မြင်တဲ့အတိုင်းပဲ '} လို့ အိန်ဂျလိုကို ပြန်ဖြေရှင်းတာ ဖြစ်ပေလိမ့်မည်။

" အလန်နာ.. ! ဒီတစ်ကြိမ်လောက်ပဲ ကိုယ့်စကားကို နားထောင်ပေးပါလားကွာ "

သူ့အသက်က အက်ရှရှ ၊ တောင်းပန်နေသည့် အသံ။

" ဆောရီး .. ! ငါမလုပ်နိုင်ဘူး "

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now