အခန်း (၈) ရှရီဟုမ်း (After Arc-3)

13.6K 1.4K 133
                                    

Devon ဟာ ဆရာဝန်ဆီက အဖြေရလဒ်ကို သိပြီးတဲ့နောက် သူ့ရောဂါဘယ်အချိန်က စတင်ခဲ့သလဲကို စစ်ဆေးခဲ့တယ်။ သူက ကလေးမရနိုင်မှန်း သိပြီးနောက်တော့ Janice ကို သူအမှန်တရားကို ဖြေလာဖို့ မေးမြန်းခဲ့သည်။ သူမတကယ်ရော ကိုယ်ဝန်ပျက်ကျခဲ့ဖူးတာ ဟုတ်သလား မဟုတ်လားကို သူသိလိုတယ်။ ဒါကြောင့် သူမကို အမှန်အတိုင်းပြောဖို့ သူကတွန်းအားပေးတယ်။

သို့တိုင်အောင် Janice က တစ်ချိန်လုံး ငိုမြဲငိုကာ ခေါင်းခါနေခဲ့သည်။ ထို့ကြောင့် ဒီဗွန်ဟာ သူမကို စိတ်ပျက်စွာ မေးမြန်းမနေတော့ပဲ အဲ့ဒီအစားသူက ဆေးရုံကိုပဲတိုက်ရိုက် စုံစမ်းစစ်ဆေးတော့၏။ သူရှာတွေ့ခဲ့တဲ့ နောက်ထပ် အံ့သြစရာအချက်က Janice ဟာ သူမကိုယ်ဝန်ပျက်ကျတာ မှန်ကန်ကြောင်း တစ်စုံတစ်ယောက်ကို ထောက်ခံအတည်ပြုပေးဖို့ ပိုက်ဆံပေး ခိုင်းစေ ခဲ့တယ်ဆိုတာပါပဲ။

ဆေးရုံက ရလာတဲ့အစီရင်ခံစာ အချက်အလက်တွေ ဖတ်ပြီးတဲ့ဟာ ဒီဗွန်အတွက် အရာရာကြွေပျက်သွားသလို သူက အရုပ်ကြိုးပြတ် ဖြစ် သွားခဲ့ရ၏။ ဘာလို့ ဂျဲနက်စ်က ဒီလိုလုပ်ခဲ့ရတာလဲ....? ဒါက သူ့မျဉ်းကိုထပ်ခါတစ်လဲလဲ ချိုးဖောက်ပြီး သူ့ကို ကစားခဲ့တာ..!

သူဟာ ပေါက်ပွဲဒေါသထွက်ပြီး သူ့စားပွဲပေါ်က ရှိတဲ့အရာတွေကို တွန်းချဖောက်ခွဲလိုက်၏။ Devon ဟာ သူတစ်ဦးထဲသာ သိခဲ့တဲ့အမှန်လို့ ထင်တဲ့အရာက ပျက်ဆီးသွားပြီ။ အရာရာ ပျက်ဆီးဆုံးရှုံးသွားသလို ခံစားနေရလေသည်။ သူမှားပြီ....သူ လွဲခဲ့ပြီ၊ သူ့ကမ္ဘာကြီးဟာ အခု ရပ်တန့်သွားခဲ့လေပြီ။

Eric ဟာလည်း ရှာတွေ့ခဲ့တယ်။ ဒီဗွန်က သူ့ကိုသတင်းပေးခဲ့တဲ့အခါ သူက Janice ရဲ့မျက်နှာ နှစ်ခွဖြစ်နေတဲ့ သူမရဲ့လုပ်ရပ်တွေကို သိသွားခဲ့တယ်။ အဲ့ဒီအချိန်က လွန်သွားပြီ၊ Eric ဟာ ရှရီကို သတ်ပြီးခဲ့တာ သူမက အုတ်ဂူထဲတောင် ရောက်နေခဲ့ပြီ။

ဒီဗွန်ကတော့ ရှရီကို ညှင်းပန်းတာ၊ သေဆုံးအောင် ပြုခဲ့တာမျိုးတစ်ခုမှ မလုပ်ခဲ့ပေမဲ့ သူက Eric လုပ်ရပ်တွေကိုတော့ မတားစီးခဲ့မိဘူး။ သူက ဒီအတိုင်းကြည့်နေခဲ့မိတာ။ ဒါပေမဲ့ ဒီဗွန် သူသိတယ်....သူအမှားအကြီးကြီးလုပ်မိပြီ ဆိုတာ။ သူတို့အပြစ်က သူမဆီကို ခွင့်လွှတ်ပါဆိုတဲ့ စကားတစ်ခွန်းကိုတောင် မတောင်းခံသင့်လောက်အောင် ကြီးလေးမှန်း ဒီဗွန်သိတယ်။ အထူးသဖြင့် သူ့ရဲ့အမှား။ ဒါက သူမထွက်ခွာသွားပြီး အချိန်ကြာလာလေ သူပိုသိလာတဲ့ ခါးသီးတဲ့ အမှန်တရားတစ်ခု။

🎉 You've finished reading 3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်) 🎉
3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now