အခန်း (၂) အလန်နာ လန်းစ်

12.2K 1.3K 29
                                    

Katherine Yulain ဟာ Dathe တိုင်းပြည်၏ လူသားမင်းသမီးတစ်ပါး၊ သူမ၏ အလှအပကြောင့် အရမ်းလှတယ်ဆိုပြီး လူသိများနာမည်ကြီးသူဖြစ်သည်။ ကတ်သရင်းကို ချစ်ရေးဆိုထားသူ ၃ ဦးရှိပြီး လူမသိသူမသိကြွေနေသူ ၁ ယောက်လည်းရှိသည်။

ကတ်သရင်းကိုချစ်ရေးဆိုထားသူထဲက ပထမတစ်ယောက်က Rowert နိုင်ငံရဲ့ မင်းသား Luis Xander ၊ ဒုတိယကတော့ လူပွေလူရှုပ် (Play boy)လို့ နာမည်ကြီးတဲ့ Jack Houghten ၊ သူက ဇာတ်လိုက်မကျေးဇူးတော်နဲ့ ပွေရှုပ်နေရာက ခြေငြိမ်သွားသူလဲဖြစ်သလို မြို့မျက်နှာဖုံး၊ မှုးမတ်အသိုင်းအဝိုင်းထဲတွင် လွှမ်းမိုးသြဇာညောင်းသူလည်း ဖြစ်သည်။

တတိယတစ်ယောက်ကတော့ Angelo Deunte ၊ ချစ်ရေးဆိုထားသူ ၃ ဦးထဲမှာ အင်အားအကြီးဆုံး၊ အချမ်းသာဆုံးနှင့် အာဏာအပြင်းဆုံးသူ ဖြစ်သည်။ နောက်ဆုံး ၄ ယောက်မြောက် တိတ်တခိုကြိုးစားနေသူကတော့ Laurence Reign ဖြစ်သည်။ သူကတော့ ကုန်သည်မျိုးရိုးက ကုန်သည်တစ်ယောက် ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာလည်း လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်ထားသူဖြစ်လေသည်။ အလန်နာ လန်းစ် အတွက်တော့ ဘယ်နည်းနဲ့မဆို ဦးတည်ရာက သေလမ်းဆိုတာပင်။ ဒီကမ္ဘာက တကယ့် Otome Game ပီသလွန်းပေသည်။ ရွှေခြေသလုံး ၊ ပေါင်လုံးများ ပတ်ပတ်လည်ခြံရံထားသည့် ဇာတ်လိုက်မကို ဘယ်လိုများဆန့်ကျင်နိုင်ပါ့မည်နည်း..။

{သေတွင်းတောင် ခပ်နက်နက်တူးရမည့်သဘောပင်၊ တစ်ကြိမ်ထက်ပိုသေသွားနိုင်သည် မဟုတ်လား}

{သေတွင်းတောင် ခပ်နက်နက်တူးရမည့်သဘောပင်၊ တစ်ကြိမ်ထက်ပိုသေသွားနိုင်သည် မဟုတ်လား}

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Katherine Yulain

အိန်ဂျလိုက ကတ်သရင်းကို လိုက်နေစဉ်ကာလမှာပဲ အလန်နာမိသားစုများဘက်က ဘိုးဘေးတွေထားခဲ့သည့် ကတိကဝတ်အတိုင်း လက်ထပ်ထိမ်းမြားရန် တောင်းဆိုခဲ့ကြသည်။ ထိုကမ်းလှမ်းတောင်းဆိုမှုကြောင့် Angelo ကို သူ၏ မိသားစုက Alana ကိုလက်ထပ်ရန် ဖိအားပေးကြတော့သည်။ ထိုအကျိုးဆက်က Angelo က Alana ကိုပိုစိတ်ကုန်စေခဲ့တော့သည်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now