အခန်း (၃) ရှရီဟုမ်း (After Arc-3)

8.5K 1.2K 94
                                    

" မာမီ ! ဒယ်ဒီ !"

ရှရီဟာ ခါးခါးသီးသီးငိုနေခဲ့ရင်း ခေါ်နေမိသည်။ သူတို့ကို ငြင်ငြင်သာသာလေး ထိလိုသည်။ ပွေ့ဖက်နှစ်သိမ့်ပေးလိုသည်။ သို့သော် သူမ၏ လုပ်ဆောင်ချက်တွေက အရာမထင်ပါချေ။ သူမဟာ သူတို့ဝင်သွားသည့် အိမ်ငယ်ငယ်လေးထဲသို့ နောက်မှအသာပင် လိုက်သွားခဲ့သည်။

သူမမိဘတွေနှင့် မောင်နှမတွေဟာ သေဆုံးပြီးရှရီအတွက် ပန်းတွေဝယ်ခဲ့ကြတယ်။ ပြီးတော့ သုဿန်သို့ အတူတူလက်တွဲ ဖေးမလျက်သွား နေကြတယ်။ ရှရီဟာ သူတို့၏အမူအယာတွေ၊ မျက်နှာတွေ၊ ခံစားနေရမှုတွေကို တစ်ယောက်ချင်းစီအလိုက် မြင်နေရတယ်။ ဒီလိုမြင်နေရလေလေ သူမဟာ ငိုကြွေးနေမှုကို ရပ်မရလေဘူး။ သူမရဲ့ နှလုံးတွေ ပေါက်ကွဲထွက်လုနီးပါး ခံစားနေရလေတယ်။ သူမက သူတို့ပွေ့ဖက်ပြီး မငိုပါနဲ့ဟု ပြောချင်တယ်။ အရာအားလုံး အဆင်ပြေဖို့သူမ ကြိုးစားလုပ်ဆောင်နေပါတယ် ဆိုတဲ့အကြောင်း သူတို့ကို ပြောပြလိုတယ်။ သူမ အခုရဲရဲရင့်ရင့် ရုန်းကန်ပြီး သူတို့ဆီပြန်လာနေပြီ ဆိုတဲ့အကြောင်းကိုလည်း အသိပေးလိုတယ်။

'အခုအဆင်ပြေနေပါပြီ၊ သမီးအဆင်ပြေနေပါပြီ ! မငိုပါနဲ့ ...!

ရှရီဟာ သူမအုတ်ဂူရှေ့ ဒူးထောက်ငိုနေတဲ့ မိခင်နဲ့ဖခင်ကို တွဲထူပေးလိုတယ်။

" မာမီ ! ဒက် ! မငိုပါနဲ့တော့ ! သမီးအခု အားလုံးကိုပြောင်းလဲ ပစ်နိုင်ဖို့ကြိုးစားနေပါပြီ ! ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး မငိုကြပါနဲ့ရှင် !

" Sven , Ric ! နင်တို့တွေလဲ ငိုမနေကြနဲ့တော့လေ "

Sheri ဟာ သူမ၏ မောင်နှမတွေကိုလည်း မငိုဖို့ အော်ပြီးတားနေခဲ့တယ်။ လက်ရှိ သူမရဲ့ပုံစံကိုသာ မြင်ရရင် အရူးမလေးတစ်ယောက်လို ဖြစ်နေမှာပင်။ တောင်ပြေးမြောက်ပြေးနဲ့ လူတိုင်းကိုပွေ့ဖက်ဖို့ကြိုးစားလိုက်၊ ငိုကြွေးလိုက်၊ စကားတွေ ပလုံးပတွေးပြောလိုက်၊ အော်ဟစ်ပြီး တားလိုက်နဲ့ တကယ့်ကို ရူးနေသူနဲ့တူနေပေလိမ့်မည်။ သို့သော် အုတ်ဂူရှေ့က ငိုနေသူများကတော့ တစ်ယောက်မှ ရှရီ၏ အသံကိုမကြားကြပေ။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now