အခန်း (၈) အလန်နာ လန်းစ်

10.8K 1.4K 62
                                    

အဆိုပါ သူတို့နှစ်ဦး၏ ဗရုတ်ကျတဲ့တွေ့ဆုံမှု အပြီးမှာတော့ Sheri ဟာ တံခါးလောခ့်တွေကို ငွေသော့တွေနဲ့ ပြောင်းခတ်လိုက်ပါတော့သည်။ ပြတင်းပေါက် တစ်ပေါက်စီတိုင်းကိုလည်း စည်းသေချာချလိုက်၏။ ကျုးကျော်လာတဲ့ ဘယ်လို ဗန်ပိုင်းယားမဆို ငွေသော့နဲ့ အဲ့ဒီစည်းတွေကို ဖျက်မရအောင်ကို သူမကစနစ်တကျ ပြုလုပ်ထားခဲ့သည်။ အထူးပြုလုပ်ထားသည့် သူမတစ်ဦးထဲသာ ဖွင့်နိုင်ပိတ်နိုင်တဲ့ စပါယ်ရှယ် Key ကိုဖန်တီးလိုက်ပြီး သော့ဖွင့်ချိန်မှာလဲ ငွေလော့ခ်တွေကို သူမအနေဖြင့် လုံးဝထိစရာပင် မလိုချေ။

T/N: [ငွေရဲ့ ဂုဏ်သတ္တိက ထိကိုင်မိတဲ့ ဗန်ပိုင်းယားတွေကို အပူလောင်စေတဲ့ သဘောရှိပါတယ်၊ ပိုမြင်သာဖို့ဆိုရင် လူတွေလျှပ်စစ်လွှတ် ထားတဲ့ခြံစည်းရိုးလို ဖြစ်အောင် ရှရီကဖန်တီးထားတယ်လို့ ပြောလို့ရပါတယ်။ ]

---------------------------

ညအမှောင်က တတိတိပတ်ဝန်းကျင်ကို ဝါးမြိုလျက်။ မြင့်မားသော ရဲတိုက်ကြီးအတွင်းတွင် လောင်းကုတ်အင်္ကျီအရှည်ဖြင့် ခန့်ညားချောမောသော အမျိုးသားတစ်ဦးသည် ညအမှောင်ပြင်ကို ငေးစိုက်ကြည့်နေသည်။ စူးရှထက်မြသည့် မျက်ဝန်းများကတော့ မှောင်မည်းနေမှုထံ အာရုံရှိနေပုံပင်မရချေ။ တစ်စုံတစ်ခုကို သည်းသည်းမည်းမည်း တွေးဆနေဟန်။ ပတ်ဝန်းကျင်ကို မေ့လျော့နေသည့်အလား။

ညအမှောင်က တတိတိပတ်ဝန်းကျင်ကို ဝါးမြိုလျက်။ မြင့်မားသော ရဲတိုက်ကြီးအတွင်းတွင် လောင်းကုတ်အင်္ကျီအရှည်ဖြင့် ခန့်ညားချောမောသော အမျိုးသားတစ်ဦးသည် ညအမှောင်ပြင်ကို ငေးစိုက်ကြည့်နေသည်။ စူးရှထက်မြသည့် မျက်ဝန်းများကတော့ မှောင်မည်းနေမှုထံ အာရုံရှိနေပုံပင်မရချေ။...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထိုစဉ် ရုတ်ခြည်း အခန်းအတွင်းသို့ နောက်ထပ်ချောမောသည့် လူတစ်ယောက် ပေါ်လာလေသည်။

"ငါကြားတာတော့ မင်းမိန်းမလေးက အိမ်တော်ကို ရောင်းပစ်လိုက်ပြီး ပြောင်းရွေ့သွားတယ်ဆို"

နောက်မှရုတ်ခြည်းပေါ်လာသော အမျိုးသားက ရယ်ချင်နေဟန်မျက်နှာဖြင့် အမှောင်ကိုငေးစိုက်နေသည့် အမျိုးသားအားပြောလိုက်၏။ သူကိုယ်၌လည်း ထိုသတင်းကြားကြားချင်းမှာ ခနတော့တောင့်တင်းသွားခဲ့ရ သေးတာပင်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now