အခန်း (၁၁) အလန်နာ လန်းစ်

10.4K 1.4K 53
                                    

Luis တို့မှာထားတဲ့ အစားအသောက်တွေ ပြင်ဆင်နေကြစဉ်....

Sheri ဟာ အလန်နာအပေါ် Luis ပြုမူခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေကို ပြန်တွေးနေမိ၏။ ထိုဖြစ်ရပ်က အလန်နာဈေးဝယ်ထွက်ချိန်က ဇာတ်လိုက်မနဲ့ တိုက်မိခဲ့ရာက စတင်ခဲ့သည်။ နေရာက လူစုလူဝေးထူထပ်သည့်နေရာ..! ကြက်ပျံမကျ စည်ကားနေတဲ့အခိုက် အလန်နာဟာ မထင်မှတ်ပဲချော်လဲခဲ့သည်။ ထိုလဲကျသည့်အခိုက် ဦးတည်တိုက်မိသွားတာက ကတ်သရင်း ဖြစ်နေခဲ့သည်။ သူတို့နှစ်ဦးလုံး လဲပြိုချိန်မှာတောင် အလန်နာက အောက်ဘက်ကလဲကျသူအဖြစ် ကတ်သရင်းကို မထိခိုက်အောင် ကြိုးစားခဲ့သေးသည်။

သို့သော် Luis အခြားစတိုးဆိုင်ကထွက်လာပြီး သူမတို့အနီး ရောက်လာချိန်မှာ အလန်နာက ကတ်သရင်းကို တွဲထူနေတာကိုပဲ မြင်လိုက် တာဖြစ်သည်။ သူက ကတ်သရင်းကို သူမလက်ကလုပြီး ထိန်းကူလိုက်၏။ ကတ်သရင်းက Luis ကိုတွေ့သည်နှင့် စတင်ငိုကြွေးတော့သည်။ ကတ်သရင်း၏ လက်ကောက်ဝတ်နားမှ အနည်းငယ် ဒဏ်ရာရသွားသည်ကို Luis ဟာ တွေ့သွားပြီးနောက် အလန်နာကို တံတောင်ဆစ်မှ မညှာမတာဆွဲကိုင်၍ ပါးကိုရိုက်လိုက်လိုက်တော့သည်။ ပြီးနောက် သူက ....

"နောက်တခါ သူမအနား ဘယ်တော့မှ မလာနဲ့! မင်းကို ငါတို့ထပ်တွေ့ရလို့ကတော့ အသေပဲမှတ်"

Luis ဟာ အလန်နာကို ဒေါသတကြီးဖြင့် လူကြားထဲတွင် အော်ဟစ်ငေါက်ငမ်းခဲ့လေသည်။

ထိုအချိန် အလန်နာဟာ လဲကျသည့်နာကျင်မှုကြောင့် ရှုံ့မဲ့နေရလေသည်။ သူမ၏ နာကျင်ဒဏ်ရာရမှုက ကတ်သရင်းထက်ပိုလေသည်။ လဲကျစဉ် ကတ်သရင်းခါးပတ်မှ ငွေကွင်းတွေကြောင့် သူမ၏ လက်မောင်းတစ်လျှောက် လောင်ကျွမ်းသွားခဲ့ရ၏။ ဝတ်ရုံအောက်ရောက်နေ၍သာ မည်သူမှမမြင်ခဲ့ကြတာ ဖြစ်သည်။ အလန်နာဟာ နာကျင်စွာ ထိုအတိုင်းအိမ်ပြန်လာခဲ့လေသည်။

ဒဏ်ရာတွေနှင့် ပြန်လာသော အလန်နာကိုမြင်ချိန်မှာ ဂါနီတစ်ယောက်ကတော့ ကမ္ဘာပျက်အောင် ငိုရင်းဆေးထည့်ပေးဖို့ လုပ်လေတော့သည်။ အပြင်မှာ သူမဖြစ်လာသည့် အဖြစ်အပျက်တွေကိုတော့ အလန်နာဟာ ဂါနီ့ကို ပြန်မပြောပြခဲ့ပေ။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now