အခန်း (၆) ရှရီဟုမ်း (After Arc-3)

8.4K 1.1K 81
                                    

ရှရီ လေလွင့်နေသူလို သွားလာနေတဲ့ အဲ့ဒီကာလတစ်လျှောက်လုံးမှာ Eric ဟာ နေ့တိုင်းလိုလို သူမ အုတ်ဂူဆီလာလေ့ရှိတယ်။ အဲ့ဒီအပြုအမူဟာ ပြီးခဲ့တဲ့တစ်နှစ်တာလုံးပဲ။ သူလာတိုင်း ပန်းတွေ အရောင်စုံမရိုးအောင် ယူလာတတ်ပြီး မှောင်တဲ့အထိနေတယ်။

Sheri ကတော့ သူလာတိုင်း မှုန်ကုတ်ကုတ်နဲ့ ထိုင်ကြည့်နေရတာပဲပေါ့။ သူ့ကြည့်ရတာလည်း တစ်ခေါက်တစ်ခေါက် ရောက်လာတိုင်းမှာ ပိုပို ပိန်သွယ်လာနေတယ်။ သူ့ရဲ့ ကျန်းမာရေးလိုက်စားထားတဲ့ ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်ဟာ ဘယ်နေခဲ့မှန်းတောင် မသိနိုင်တော့ဘူး။ သူ့ရဲ့ ခန့်ညားချောမောတဲ့ သူမနှစ်သက်ခဲ့ဘူးတဲ့ မျက်နှာပုံစံကလည်း ချုံးကျလာတယ်။ သူက ရှရီအုတ်ဂူလာတိုင်း ဘာစားစရာမှ သယ်ယူလာတာမရှိခဲ့ဘူး။ သူက မနက်မိုးလင်းကနေ ညနေမိုးဆုံးဆုံးချုပ်သည်အထိ ရှရီရဲ့ အုတ်ဂူဆီလာတယ်။ အဲ့ဒါက နေ့တိုင်းပဲ။ သူဟာ စားလဲမစား၊ သောက်လဲ မသောက်ဘူး။ ရှရီကတော့ ကြည့်ပဲ နေရတယ်။ သူမမှ သူနဲ့ စကားပြောမရတာ။

တဖက်က ရှရီဟာလည်း ယောင်လည်လည် ဘဝလို လေလွင့်နေရတော့ ညနေတိုင်းသူမရဲ့ ဘေးမှာ အတူလာထိုင်ပေးမယ့်သူကို မျှော်မိတာပဲ။ ဒါက ဈေးဝယ်မျှော်နေတဲ့ ဈေးသည်ကြီးလိုပဲ။ သူမက Eric အလာကို အဲ့လိုပဲ မျှော်မိသေးတယ်။ သူတို့ နှစ်ယောက် စကားမဆိုကြပဲ ညနေဆည်းဆာအလှကို ထိုင်ကြည့်ကြတယ်။ ရှရီက ညနေစောင်းတိုင်း ရှုခင်းကြည့်ဖို့ သူ့ကိုစောင့်နေတယ်။

သို့ပေမဲ့ ဒီကနေ့ကတော့ အရင့်အရင် အရှေ့က ညနေခင်းတွေနဲ့ ကွဲပြားနေပုံပဲ...!

လာတဲ့သူက Devon ဖြစ်နေလို့ပါပဲ။ သူက ရှပ်အဖြူရောင်နဲ့ ဂျင်းဘောင်းဘီအပြာကို ဝတ်ဆင်ထားတယ်။ ရှရီတစ်ယောက် မှုန်ကုတ်ကုတ်ရုပ်လေး ထပ်ဖြစ်သွားတယ်။

" နင်ကရော ဒီနေရာကို ဘာလာလုပ်ပြန်တာလဲ..? "

ရှရီက Devon ကို မေးတာမဟုတ်ပါဘူး။ သူမဖာသာ သူမရေရွတ်တာပါ။ မကြားနိုင်ဘူးဆိုတာလဲ သူမသိတယ်လေ။

ဒီဗွန်က ရှရီအုတ်ဂူထက်က Sheva ဒီဇိုင်းဆွဲရေးထိုးထားတဲ့ အမည်စာတမ်းလေးကို ငေးကြည့်နေခဲ့တယ်။ သူက စကားမပြောလေဘူး။ အဲ့ဒီအစား သူမအမည်ကို ငေးကြည့်နေရင်း သူ့လက်တွေကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်ထားလေတယ်။ သူမေးရိုးက အံကြိတ်ထားမှန်း သိသာလေတယ်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now