အတင္းတုတ္မယ္

3.6K 105 5
                                    

ရွိလားရွိလား

အရမ္းခ်စ္ဖို႔ေကာင္းတဲ့ လူတေယာက္

အ့ံၾသေနတာေတြ ငိုေနတာေတြကအစ လွလြန္းလို႔ ဘယ္နားဖြက္ရမွန္းေတာင္မသိဘူး

ကိုယ္ေတာ္က သာ သူ႔ကို ခ်စ္လြန္းလို႔ ပါးစပ္ထဲငံုထားခ်င္ပါရဲ႕ သူကေတာ့ တေယာက္ထဲ အားေတြငယ္ေနေလရဲ႕ သူ႔ကို ခ်စ္တယ္လို႔မေျပာလို႔ေလတဲ့

ကိုယ္သေဘာက်ေၾကာင္းေျပာမွခ်စ္တာမွမဟုတ္တာ ကိုယ့္ရဲ႕ အျပဳအမူေတြၾကည့္ၿပီး ရွင္းေလးက ကိုယ္ေတာ့ကိုနားလည္ေပးသင့္တယ္ ေလ

မဟုတ္ဘူးလား ရီဒါေလးတို႔~

သူနဲ႔ ကိုယ္ေတာ္နဲ႔ ဘယ္လိုစေတြ႕ခဲ့လည္းဆိုတာကေတာ့ မေျပာဘူး သတ္ပလိုက္

•မင္ေက်ာက္ရိ•

~~~~~~~~~~~~~~~

ခင္ဗ်ားတို႔ ပဲစဥ္းစားၾကည့္ပါ

သူကခ်စ္တယ္မေျပာပဲ ဘယ္လိုသိမွာလည္း

ၿပီးေတာ့ဘာ! သူက သူ႔အမူအရာေတြ ဂ႐ုစိုက္တာေတြၾကည့္ၿပီး သူ႔ႏွလံုးသားကိုနားလည္ပါတဲ့

ကိုယ့္ဘာသာကိုယ္ေတာင္ စာဖတ္ရမွာပ်င္းပါတယ္ဆိုေနမွ သူ႔အမူအရာေတြကို ထိုင္ၾကည့္ၿပီး ခ်စ္မခ်စ္က ဆံုးျဖတ္ရဦးမယ္ ဟင့္အင္းပဲ

သူက ခ်စ္ေၾကာင္းမေျပာတာရယ္ သတင္းေတြရယ္ေၾကာင့္ စိတ္ညစ္ေနတာကို လာေခ်ာ့မယ္မရွိဘူး ရန္ကစေသးတယ္

ရီဒါေလးတို႔ပဲ စဥ္းစားၾကည့္ ကၽြန္ေတာ္မွားတာလား သူပဲမွားတာလား


ူ႔ကို ဘယ္လိုစခ်စ္လည္းဆိုတာလား မေျပာဘူး အေသသတ္လိုက္ရင္ေတာင္ေျပာဘူး

•ရန္ဝူရွင္း•

~~~~~~~~~~

တျခား တတြဲပါေသးေပမယ့္ ေျပာဘူး သတ္ပလိုက္
😤

•သာသာ•

အေပၚက၂ေယာက္ကို အားက်လို႔လိုက္ေျပာတာပါ တကယ္မသတ္ပါနဲ႔ အတြဲေခ်ာင္းလို႔မဝေသးဘူး😫😬

Coverက appနဲ႔ကလိၿပီးထည့္ထားတာ ေသခ်ာျပန္လုပ္ေပးမယ္ေနာ္ 😁

Unicode
ရှိလားရှိလား

အရမ်းချစ်ဖို့ကောင်းတဲ့ လူတယောက်

အံ့သြနေတာတွေ ငိုနေတာတွေကအစ လှလွန်းလို့ ဘယ်နားဖွက်ရမှန်းတောင်မသိဘူး

ကိုယ်တော်က သာ သူ့ကို ချစ်လွန်းလို့ ပါးစပ်ထဲငုံထားချင်ပါရဲ့ သူကတော့ တယောက်ထဲ အားတွေငယ်နေလေရဲ့ သူ့ကို ချစ်တယ်လို့မပြောလို့လေတဲ့

ကိုယ်သဘောကျကြောင်းပြောမှချစ်တာမှမဟုတ်တာ ကိုယ့်ရဲ့ အပြုအမူတွေကြည့်ပြီး ရှင်းလေးက ကိုယ်တော့ကိုနားလည်ပေးသင့်တယ် လေ

မဟုတ်ဘူးလား ရီဒါလေးတို့~

သူနဲ့ ကိုယ်တော်နဲ့ ဘယ်လိုစတွေ့ခဲ့လည်းဆိုတာကတော့ မပြောဘူး သတ်ပလိုက်

•မင်ကျောက်ရိ•

~~~~~~~~~~~~~~~

ခင်ဗျားတို့ ပဲစဉ်းစားကြည့်ပါ

သူကချစ်တယ်မပြောပဲ ဘယ်လိုသိမှာလည်း

ပြီးတော့ဘာ! သူက သူ့အမူအရာတွေ ဂရုစိုက်တာတွေကြည့်ပြီး သူ့နှလုံးသားကိုနားလည်ပါတဲ့

ကိုယ့်ဘာသာကိုယ်တောင် စာဖတ်ရမှာပျင်းပါတယ်ဆိုနေမှ သူ့အမူအရာတွေကို ထိုင်ကြည့်ပြီး ချစ်မချစ်က ဆုံးဖြတ်ရဦးမယ် ဟင့်အင်းပဲ

သူက ချစ်ကြောင်းမပြောတာရယ် သတင်းတွေရယ်ကြောင့် စိတ်ညစ်နေတာကို လာချော့မယ်မရှိဘူး ရန်ကစသေးတယ်

ရီဒါလေးတို့ပဲ စဉ်းစားကြည့် ကျွန်တော်မှားတာလား သူပဲမှားတာလား

ူ့ကို ဘယ်လိုစချစ်လည်းဆိုတာလား မပြောဘူး အသေသတ်လိုက်ရင်တောင်ပြောဘူး

•ရန်ဝူရှင်း•

~~~~~~~~~~

တခြား တတွဲပါသေးပေမယ့် ပြောဘူး သတ်ပလိုက်
😤

•သာသာ•

အပေါ်က၂ယောက်ကို အားကျလို့လိုက်ပြောတာပါ တကယ်မသတ်ပါနဲ့ အတွဲချောင်းလို့မဝသေးဘူး😫😬

Coverက appနဲ့ကလိပြီးထည့်ထားတာ သေချာပြန်လုပ်ပေးမယ်နော် 😁

အတိုင္းထက္အလြန္(အတိုင်းထက်အလွန်)Where stories live. Discover now