ကြင်ယာတော်အမိန့်စာ(ကင်ယာတော်အမိန့်စာ)

729 70 3
                                    

Zawgyi

ဒီနေ့ကတော့ ရန်မိသားစုအတွက် မင်္ဂလာသတင်းပင် တအိမ်လုံး အနီရောင် နဲ့ ဆေးခြယ်ကာ လာသမျှ ဧည့်သည်တွေကို မိသားစုတခုလုံးကြိုဆိုလို့နေတယ်

"လာပါ ကြွပါဗျာ

"ဂုဏ်ယူပါတယ် ရန်စစ်သူကြီး နောက်ထပ် မင်္ဂလာသတင်းပေါ့

"ဒါပေါ့ဗျာ

ပါးနဲ့မားကတော့ ဖိတ်ထားတဲ့ မိတ်ဆွေ တွေနဲ့ ဂုဏ်ပြုစကားပြောရင်းသတိုးသားကိုစောင့်လိုက်တယ် အကိုတွေကလည်းကူ ဧည့်ခံပေးနေကြတယ်
.
.
.
"ကျဲကျဲ လှလိုက်တာ

သတိုးသမီးအခန်းမှာ အနီရောင်ဝတ်စုံနဲ့လှပနေတဲ့ အမ၃ကို သွားနှောက်ယှက်နေသူကတော့ ကျွန်တော်တို့အမွှာ

"တကယ်လား

"တကယ်ပေါ့ ကျဲကျဲ ကအလှဆုံးပဲ

သူမဘယ်လောက်ပျော်နေတယ်ဆိုတာ သူ့မရဲ့ အပြုံးတွေ ရှက်လို့ ဖြာထွက်နေတဲ့ ပါးပေါ်က အနီရောင်လေးတွေ

"မောင်လေးတို့ ကျဲကျဲ အိမ်မှာမရှိရင် လိမ်လိမ်မာမာနေနော်

"ဟုတ်ကဲ့ပါကျဲကျဲ

ထိုအချိန်...

"သခင်မလေး၃ သတိုးသားရောက်ပါပြီ

"သွားကြတာပေါ့ ကျဲကျဲ

.
.
.

မိုးမြေကန်တော့မယ် !

မိဘတွေကန်တော့မယ် !

အကြင်လင်မယားကန်တော့မယ် !

ဆူးခနဲ ဆူးခနဲ အသံအောင်တဲ့ အဒေါကြီးကြောင့် ထွက်တောင်ပြေးချင်တယ်

"(အောင်လိုက်တဲ့အသံ)

"နောက်ဆုံးတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီ သတိုးသမီးကို ခေါ်ဆောင်သွားနိုင်ပါပြီ 

ကျဲကျဲ (မမ) လည်း သူ့လာခေါ်တဲ့ သတိုးသားနဲ့အတူ သတိုးသားအိမ်ကိုလိုက်ပါသွားတော့တယ်

ကျဲကျဲ (မမ) တို့သွားပြီသေချာမှ အိမ်တော်ရဲ့ ဧည့်ခန်းမှာ မိသားစုလိုက်စုထိုင်နေကြတယ်

"ဟူးးးး

"ပါး ဘာဖြစ်လို့လည်း

"အေးလေ သခင်ကြီးကလည်း သမီးလေးက အခုမှလက်ထပ်သွားတာ ရှင်ကသက်ပျင်းတွေချနေတယ်

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now