I'm back

524 53 1
                                    

Zawgyi

ဝူရှင်းတို့ရှိတဲ့ ဂူကို မုယီတို့ရောက်လာတော့ ဝူရှင်းက အံ့သြသွားတဲ့ပုံနဲ့အရှင့်ကိုကြည့်လိုက်တယ်

"ရှင်းလေးရဲ့အကိုတော်တွေကို လာခေါ်ခိုင်းထားတာ ယုံရတဲ့လူဆိုလို့သူတို့ပဲရှိတယ်လေ

"ဒါပေမယ့် ကျွန်တော်တို့က ရာထူးအသိမ်းခံထားရတာလေ

"ရန်စစ်သည်တွေက သစ္စာရှိကြတယ် အသေသာခံလိုက်မယ် ရန်စစ်သူကြီးတွေအမိန့်မဟုတ်ရင် နာခံကြတာမဟုတ်ဘူး ပြီးတော့ ဘယ်သူမှမသိဘူး စိတ်ချ

"ဒါပေမယ့် ကျွန်တော်ဆိုးရိမ်တယ် အရှင်

"အစောင့်တွေက ကိုယ်တော့လူတွေ ခိုးထွက်တော့လည်း ညမှ စစ်သည်တွေကလည်း သာမန်လူတွေလိုဝတ်လာတာလေ ဘယ်သူမှသူတို့တေေါက ရန်စစ်သည်ဆိုတာသိမှာမဟုတ်ဘူး

"...

"အရှင်မင်းကြီး

"ရန်စစ်သူကြီး ၁ အရိုအသေပေးစရာမလိုပါဘူး

"ဟုတ်ကဲ့ပါ နှင်းမုန်တိုင်းရပ်တာနဲ့တိုင်းပြည်ပြန်မှာလား

"အင်း အဲ့လိုပဲကောင်းမယ် ဒီမှာလည်း ဆည်ဖြိုပြီးပြီ အခုလောက်ဆို ဟိုကို ကိုယ်တော်နတ်ရွာစံပြီဆိုတဲ့သတင်းရောက်လောက်မယ်ထင်လား

"နှင်းမုန်တိုင်းနဲ့ဆိုတော့ရောက်လောက်မယ်မထင်ဘူး ပြီးတော့ ခရီးကအနည်းဆုံး၃ ရက်လောက်တော့မောင်းနှင်ရပါတယ်

"မြင်းတွေက ဒီလောက်အေးနေတာ သူတို့လည်းအေးလိမ့်မယ်

"အဲ့ဒါအတွက်မပူပါနဲ့ ကျွန်တော်တို့ အရမ်းအေးတဲ့ ဒေသတွေကိုသွားတိုက်တုန်းကသုံးတဲ့ မြင်းတွေအတွက် အဝတ်အထည်တွေယူလာပါတယ်

"ရန်စစ်သူကြီးတွေကတကယ် အမျှော်အမြင်ရှိတာပဲ

"ပြီးတော့ အရှင်မင်းကြီးရဲ့မင်းကို ကျွန်တော်တို့လမ်းမှာတွေ့လို့ ပြန်ခေါ်လာပါတယ်

"တော်သေးတာပေါ့ ကိုယ်တော်က သူပျောက်ပြီထင်တာ သူကဉာဏ်ကောင်းတဲ့မြင်းမို့လို့ သူအိမ်ပြန်လမ်းမပျောက်မှာသိပေမယ့် အအေးထဲမှာ သူတခုခုဖြစ်သွားမှာ ကိုယ်တော်ဆိုးရိမ်ခဲ့တာ

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Donde viven las historias. Descúbrelo ahora