cruel king

658 75 7
                                    

Zawgyi

အပြစ်ပေး ထိုင်ခုံက လူကိုကြည့်ပြှီး ဘယ်သူမှ မသံမ ထွက် အံ့သြယုံသာ

ကော(အကို)၂က ထိုင်ခုံကလူကို စိတ်အတည်ငြိမ်ဆုံးထားကာ

"တကယ်မယုံနိုင်စရာပဲ ငါ့ညီကို မင်းဘယ်လို အယုံသွင်းလိုက်လည်းမသိပေမယ့် မင်းအပြစ်အတွက် မင်းပေးစပ်ဖို့ပြင်ထား

ထိုအချိန် ပါးက

"အရှင်မင်းကြီးပဲစီရင်လိုက်ပါ သူက နန်းတော်ကလူပဲနေမယ်

"လဲ့လဲ့ မင်းဘာလို့ ဝူရှင်းကို ဒီလိုလုပ်တာလည်း ဘယ်သူခိုင်းတာလည်း

လဲ့လဲ့က နာကျင်နေတဲ့ ဒဏ်ရာကြားကနေပြုံးကာ

"ကျွန်မက သစ္စာစောင့်သိတာ

"သစ္စာစောင့်သိတာ?

"ကျွန်မနောက်က ဘယ်သူမှမရှိဘူး သခင်အလိုကျမယ်ထင်လို့ သူ့လက်မညစ်ပတ်အောင် ကျွန်မကလုပ်ပေးတာပဲရှိတယ်

ဟုတ်ပါတယ် တရားခံက လဲ့လဲ့ပါ

မနေ့ညက~~

ဝူရှင်းအခန်းကို မင်းကြီးစောင့်ပြီးတော့ တိုင်ပင်ထားတဲ့အတိုင်း အပြင်ထွက်သွားတယ် ထိုအချိန် အခန်းနား လူတယောက်ကပ်လာကာ ဝူရှင်းကိုနှိုးဖို့ကြိုးစားတယ် ဒါပေမယ့် မင်းကြီးကျေးဇူးနဲ့ အဆိပ် မရှိတော့တဲ့ ဝူရှင်းဟာ နိုးထလာခြင်းမရှိတော့တာကြောင့် ထိုလူက အခန်းထဲကို တဲဖောက်ဝင်ကာ ဝူရှင်းကိုစစ်ဆေးပြီး

"ဘယ်လိုဖြစ်တာလည်း အသက်လည်းရှင်တယ် အဆိပ်လည်းမရှိတော့ဘူး ဖြေဆေးတိုက်ရင် သတ်စေဖို့ငါကြိုအမိန့်ပေးထားပြီးသားလေ ဘယ်လိုတွေဖြစ်ကုန်တာလည်း

လဲ့လဲ့ တွေးတောနေတုန်း ခြေထောက် အဆွဲခံရတာကြောင့် လဲကျသွားတယ်  ဆွဲသည့်လူကတလြားမဟုတ် ကျိုးဟန် ပင် အရှင်မင်းကြီးအမိန့်အရ အစထဲကတဲရဲ့ ကုတင်အောက်မှာဝင်နေခြင်းသာ

လဲ့လဲ့ တက်နိုင်သလောင်ခုခံပေမယ့် နောက်ဆုံးမှာတော့ ကျိုးဟန်လက်ထဲမှာ ဖမ်းမိသွားတော့တယ်

လဲ့လဲ့ဆိုတာသိတော့ စစ်သူကြီးက မအံ့သြဟန် သို့သော် သူ့ရဲ့ သားတွေကတော့ အံ့သြသွားကြတယ်

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now