Zawgyi
ဝူရှင်း နာနေတဲ့ ဂုတ်ကိုဖိကာ ရင်းနှီးတဲ့ အခန်းထဲမှာနိုးထလာခဲ့တယ်
"(ငါအိမ်ပြန်ရောက်နေတာပဲ လူတွေဘယ်ရောက်ကုန်ပါလိမ့်)
ကုတင်ပေါ်ကဆင်းကာ အခန်းအပြင်ထွက်မယ်ပဲရှိသေးတယ် အခန်းဝကနေ စောင့်ကြိုနေတဲ့အစောင့် ၂ယောက်ကြောင့်ထွက်မရပေ
"ဝေ့ ကျွန်တော် အပြင်ထွက်မလို့
"သခင်ကြီးက သခင်လေး၅ကို သူ့ခွင့်ပြုချက်မရှိပဲ ပေးမထွက်ရဘူးပြောထားလို့ပါ
"အော် ညီ နိုးပြီလား
"အကို၁!
"လာလာ အခန်းထဲပြန်ဝင်
အခန်းထဲ ကျွန်တော့ကိုပြန်ဆွဲထည့်ကာ ကုတင်ပေါ်ပြန်ထိုင်ခိုင်းတယ်
"ညီ ကော(အကို) ကိုပြော မနေ့ကဘာလို့ထွက်ပြေးတာလည်း ပါးတို့ မားတို့ ကော(အကို)တို့ဘယ်လောက်စိတ်ပူရလည်းသိလား တော်သေးတာပေါ့ ပြန်ပို့ပေးတဲ့လူရှိလို့ မဟုတ်ရင် ညီလေး ဒုက္ခရောက်ပြီ
"ပို့ပေးတဲ့လူ? ဟုတ်သား ကော(အကို) သူကလေ ကျွန်တော့အကြောင်းအကုန်သိတယ်သိလား
"ဟင် ဟုတ်လား
"ဟုတ်တယ် ကော(အကို) ရှင်းရှင်းပြောရရင် ကျွန်တော့အကြောင်းတင်မကဘူး ကျွန်တော်တို့ မိသားစုရဲ့ အတွင်းရေတောင်သိနေတယ်
"ထားလိုက်ပါ သူက မင်းကိုအိမ်ပြန်ခေါ်လာပေးတယ်ဆိုတော့ မကောင်းတဲ့လူတော့ဟုတ်လောက်ပါဘူး သူသာလုပ်ကြံချင်ရင် ညီအသက်မရှင်တော့ဘူး မနေ့က သူ ညီ့ကိုရှာတွေ့တာမြန်လို့ မဟုတ်ရင်...
"မဟုတ်ရင်?
"မနေ့ညက ပါးကို မနာလိုတဲ့လူတွေစီ ညီပျောက်သွားတာ သတင်းရောက်သွားတယ် သူတို့ကရန်စစ်တပ်ကလူတွေလို အယောင်ဖမ်းပြီး ညီ့ကို လုပ်ကြံဖို့ပြင်ကြတယ်
"ကျွန်တော့ကို? ကျွန်တော့လိုအသုံးမကျတဲ့လူကို
"ညီ့အတွေးကို ကော(အကို) မသိပေမယ့် ပါးအတွက်ကတော့ ကော(အကို) တို့မောင်နှမတွေက သူ့အားနည်းချက်ပဲ
ကျွန်တော်တို့ကြား တိတ်ဆိတ်နေတုန်း~
"သားကြီးရှိနေတာလား
YOU ARE READING
အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)
Historical Fictionအစထဲကပေးဆပ်ဖို့သိသိနဲ့လာခဲ့တာပဲလေ ဘာတွေမျှော်လင့်ရမှာလည်း #ရန်ဝူရှင်း ကိုယ်တော့နှလုံးသားထဲဘာလို့ဝင်မကြည့်ရတာလည်း ရှင်းရယ် #မင်ကျောက်ရိ Unicode အစထဲကပေးဆပ်ဖို့သိသိနဲ့လာခဲ့တာပဲလေ ဘာတွေမျှော်လင့်ရမှာလည်း #ရန်ဝူရှင်း ကိုယ်တော့နှလုံးသားထဲဘာလို့ဝင်မကြည့်ရ...