ခ်စ္စရာႀကီး(ချစ်စရာကြီး)

587 54 0
                                    

Zawgyi

ညဘက်အမှောင်ရောက်လာလေ ပိုပိုအေးလာလေ ~

ပြတင်းပေါက်တွေပါအကုန်ပိတ်ပြီး မီးထွန်းထားတာတောင် အနွေးဓာတ်ကမလုံလောက်~

"အရှင် ကျွန်တော် သောက်လို့ရလား?

သေရည်သောက်နေတဲ့ အရှင်က ထိုင်ခုံမှာလာထိုင်တဲ့ ရှင်းလေးကိုကြည့်ပြီး

"ရှင်းလေးက သောက်တက်လို့လား ကိုယ်တော်သိတာတော့ ရှင်းလေးကဒါတွေမကြိုက်ပါဘူး

"မကြိုက်ပေမယ့် အရှင်တယောက်ထဲသောက်နေရတော့...

"အားမနာပါနဲ့ အိပ်နှင့်လေ ကိုယ်တော်ပြီးမှလာအိပ်မယ်

"ကျွန်တော့ကို မသောက်စေချင်လို့လားဟင်

စိတ်မကောင်းတဲ့မျက်နှာလေးမဲ့ အောက်နှတ်ခမ်းလေးကိုကိုက်ကာပြောနေတဲ့ ဝူရှင်းလေးကို ကြည့်ပြီး အသည်းတွေယားနေမိတယ်

"ရှင်းလေးသဘော လာကိုယ်တော့နားလာထိုင်သောက်

ဘေးနားကိုတိုးခိုင်းကာ ခွက်ထဲ သေရည်ထည့်ပေးလိုက်တော့ အတင်းဖြစ်ညှစ်ပြီး မျိုးချရှာတယ်

"ခါးလိုက်တာ ဒါပေမယ့် နောက်တခွက်အတူတသောက်ရအောင် နော် အရှင်

"... ကောင်းပြီလေ လာ ခွက်လေးကို ဒီလိုကိုင် ကိုယ်တော်နဲ့လက်ချိတ်လိုက် သောက်ကြမယ်

မင်္ဂလာသေရည်သောက်သလိုလက်ချိတ်ပြီး အတူသောက်လိုက်တယ်

"အဟင့် ပူလာသလိုပဲ

"သေရဘ်ကပူတယ်လေကွာ

"အဲ့ဒါများဘာလို့ ကြိုက်ကြလည်းမသိဘူး

မျက်နှာလေးကနီကာ နှုတ်ခမ်းလေးဆူပြီး မူးပြီးရစ်ချင်နေသော ကောင်လေး

"(ငမူးလေး ၂ခွက်ပဲရှိသေးတယ်) ထပ်သောက်ကြမလား

"အင်း~~

ခွက်ကလေးတိုက်တာ ချယ်ရီ နှုတ်ခမ်းလေးနဲ့ သောက်နေတဲ့ကောင်လေးကိုကြည့်ပြီး မင်းကြီးစိတ်ထဲမှာ အစိုးမရတော့...

"ရှင်းလေး

"ဟင်?

"ကိုယ်တော့ကိုချစ်လား?

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now