အရှင်လည်း နန်းတော်ပြန်ရောက်တာနဲ့ အလုပ်တွေ ပိုပိုလုပ်နေရသလိုပဲ တွေ့ချိန်တောင်မရှိတော့ဘူး
"စစ်ချီကော(အကို)
"ဟင် ဘာလည်း အိမ်ရှေ့ဘုရင်လေးရဲ့
"ဟူး အဲ့လိုမခေါ်ပါနဲ့ဆို
"အာဟုတ်သား လူတွေရှင်းတော့ ညီလေး၅ပေါ့ ဟဲဟဲ ပြောလေ
"အခုတလော အရှင် ခြေလှမ်းတွေပျက်နေတယ် အဆောင်တောင်ပြန်မအိပ်တော့ဘူး
"မင်းကြီးမအားလို့နေမှာပါ
"မဟုတ်လောက်ဘူးထင်တယ် အရှင်ကမအားရင်တောင် ကျွန်တော်တို့ အဆောင်ကိုအလုပ်တွေသယ်လာပြီးလုပ်နေကြ
"မင်းကကိုယ်ဝန်ရှိနေတော့ မားပြောသလို စိတ်ရှုတ်နေတာများလား
"ဖြစ်နိုင်လောက်မယ်
"ဖြစ်နိုင်တယ်ဆို ဘာလုပ်မှာလည်း
အခုကအဆောင်ထဲမှာ ညီအကို၂ယောက် အပြီအပြင်ထိုင်ဆွေးနွေးနေခြင်းသာ
"အပြင်ထွက်ကြရင်ကော
"ယားး ရန်ဝူရှင်!
"ရှူး တိုးတိုးလုပ်ပါ ကော(အကို) ကလည်း
"ဝေ့ မင်းဟာက မင်းကြီးသိရင် သေမှာနော်
"သိလည်းဘာဖြစ်လည်း ကျွန်တော် စိတ်ပြေလက်ပျောက် အပြင်သွားတာလို့ပြောလိုက်မှာပေါ့
"မင်းကြီးကိုနိုင်ရင်ပြီးတာပါပဲ အဲ့ဆို သွားကြမယ်လေ
"ဟုတ်!!
ညီ အကို၂ယောက်ထဲ နန်းတော်ထဲကနေခိုးထွက်လာခဲ့တယ် ခန့်ညာလို့လား ချောလို့လားတော့မသိ ကျွန်တော်တို့၂ယောက်ကို မိန်းကလေးတိုင်းလည်ပြန်ကြည့်ကြည့်သွားရတယ်
စားသောက်ဆိုင်ရောက်တာနဲ့ ဒုတိယထပ်မှာ ထိုင်ကာ အစားအသောက်တွေမှာပြီး အပြင်ဘက်ကိုကြည့်လိုက်တယ် ဒီစားသောက်ဆိုင်လေးက အပေါ်ကနေကြည့်ရင် အောက်ကလှုပ်ရှားမှုအကုန်မြင်ရတယ်လေ
"ညီ၅ အစပ်မစားရဘူးနော်
"မစားပါဘူးဗျာ စိတ်ချ ကျွန်တော်က ကလေးတွေကို လုံးဝမထိခိုက်စေရဘူး
YOU ARE READING
အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)
Historical Fictionအစထဲကပေးဆပ်ဖို့သိသိနဲ့လာခဲ့တာပဲလေ ဘာတွေမျှော်လင့်ရမှာလည်း #ရန်ဝူရှင်း ကိုယ်တော့နှလုံးသားထဲဘာလို့ဝင်မကြည့်ရတာလည်း ရှင်းရယ် #မင်ကျောက်ရိ Unicode အစထဲကပေးဆပ်ဖို့သိသိနဲ့လာခဲ့တာပဲလေ ဘာတွေမျှော်လင့်ရမှာလည်း #ရန်ဝူရှင်း ကိုယ်တော့နှလုံးသားထဲဘာလို့ဝင်မကြည့်ရ...