အိမ်မက်ရဲ့နာကျင်မှု(အိမ်မက်ရဲ့နာကျင်မှု)

567 48 2
                                    

Zawgyi

အရှင်တို့ ညဘက် ဆည်စီသွားရင်မအေးအောင် အဝတ်ထည်အထူကြီးတွေ ပြင်ဆင်ပေး မီးမွှေးလို့ရအောင် ခြောက်သွေ့နေတဲ့ သစ်ချောင်လေးတွေပါထည့်ပေးလိုက်တယ် ဆည်ဖြိုတာခက်ခဲရင်ဖောက်လို့ရအောင်ပါ ယမ်းမှုန့်တွေနဲ့ လောင်ဆာဆီတွေပါထည့်ပေးလိုက်တယ်

"ကျောက်ရိကောကော(ကိုကို) သတိထားသွားနော်

"အင်း

နှဖူးလေးကို နုနုညံ့ညံ့လေးနမ်းပြီး

"ကိုယ်နော်ပြန်လာတာကိုစောင့်နေဟုတ်ပြီလား ကိုယ်တော် သေချာပေါက်ပြန်လာခဲ့မယ်

"အင်း

"မုယီ

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး

"ရှင်းလေးကို မင်းကိုအပ်ခဲ့မယ်

"စိတ်ချပါ ကျွန်တော်သေချာစောင့်ရှောက်ပါ့မယ်

"အင်းပါ နန်းမြို့တော်က လူတချို့ကို ခေါ်ထားတယ် သူတို့ နောက် ၂ရက်ဆိုသူတို့ရောက်လောက်ပြီ

"ဟုတ်ကဲ့ပါအရှင်

"ရှင်းလေး ကိုယ်တော်သွားပြီနော်

"ခဏလေး ဒီအဆောင်လေးယူထားလိုက်နော်

"ဟင် ကိုယ်တော်ကစစ်ထွက်တိုက်မှာမှမဟုတ်တာ ပြီးတော့ ဒါက ရှင်းလေး ရဲ့အဆောင်မလား

"ဟုတ်ပါတယ် ဒါပေမယ့် ဒါဆိုအဆောင်လို့မသက်မှတ်ပဲ ကျွန်တော်လို့သက်မှတ်လိုက်လို့ရပါတယ် လူကိုယ်တိုင်မလိုက်လာနိုင်ပေမယ့် ဒီအဆောင်လေးက ကျွန်တော့ကိုယ်ပွား အွန်းး

ရုတ်တရက် နှုတ်ခမ်းပေါ်ကျလာတဲ့ အနွေးဓာတ်ကြောင့် လာမသိ ကျွန်တော့မျက်နှာပေါက်ပွဲတော့မလ်ုခံစားရတယ်

"ရှင်းလေးကချစ်ဖို့ကောင်းလို့ ကိုယ်တော်စိတ်မထိန်းနိုင်ဖြစ်သွားတယ်

"ရ...ရပါတယ်

"အဲ့ဒါဆိုကိုယ်တော်သွားပြီ

"ဟုတ်

အရှင်နဲ့ သူ့လူ ၆ယောက်အပြင် နယ်ခံ ၅ယောက်လောက်ပါပါသွားတာမို့ စိတ်မချချင်ပေမယ့် ကိုယ်ကိုတိုင်ကလည်း အကူအညီမပေးနိုင်တာကြောင့် စိတ်မကောင်းဖြစ်မိတယ်

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now