မကြားလောက်ပါဘူး(မကွားလောကျပါဘူး)

576 44 6
                                    

Zawgyi

ဲဒီနေ့တော့ လှလှလေး ဝတ်ထားတယ်ဆိုပေမယ့် ရိုးရိုးအဝတ်အစားလေးနဲ့ပေါ့ ကလေးရှိတယ်ဆိုတာသိထဲက အဲ့လိုပဲဝတ်ခိုင်းတော့တယ် မဟုတ်ရင် ကြပ်နေမှာဆိုးလို့တဲ့

အရှင်ကလည်း ဒီနေ့မှ ပိုတောက်ပနေတယ်တောင်ထင်ရတယ် ဘာလို့ကြည့်ကောင်းနေမှန်းမသိ အရှင့်ရဲ့ ကျစ်လစ်နေတဲ့ ခန္ဓာကိုယ် ပြီးတော့ ဆူးရှတဲ့အကြည့် အပြုံးမမည်တဲ့မဲ့ပြုံး

"ကိုယ်တော့ရဲ့ နှလုံးသားလေး ဘာတွေငမ်းနေတာလည်း ဟမ် ပြောပါဦး

"အရှင့်ကို အယ် မဟုတ်ပါဘူး ဘာမှမငမ်းပါဘူး

"လိမ်ပြီ ကိုယ်တော့ နှလုံးသားလေးက လိမ်တက်တယ်ပေါ့

"လိမ်ပါဘူး

"လိမ်ရင် နမ်းမှာနော်

"အရှင်ကလည်း~

"ပြောမှန်မှန်ပြော

"ဟုတ်တယ် ဗျာ အရှင်ကကြည့်ကောင်းလို့ ကျွန်တော့ကြည့်ပါဦး

"ချစ်ဖို့ကောင်းပါတယ်

"ဟာ ကျွန်တော်လည်းကြည့်ကောင်းချင်တာပေါ့လို့

"ရှင်းလေးကကြည့်ကောင်းစရာမလိုပါဘူး ရဖို့လည်းကြိုးစားစရာမလိုဘူး ကိုယ်တော့ကိုရနေပြီမဟုတ်ဘူးလား

"အရှင်က အရာရာပြည့်စုံနေတဲ့ လူပါ ဟုတ်ပြီလား

"ချစ်စရာလေး ကိုယ်တော်အသည်းတွေယားနေပြီ အထဲက ကလေးကြောင့်သာမဟုတ်ရင် ကိုယ်တော် စွမ်းအားတွေအသုံးချနေလောက်ပြီ

"အရှင် ညစ်ပတ်ပြန်ပြီ

"ကိုယ်တော်က ရှင်းလေးကိုပဲ ညစ်ပတ်ချင်တာ

"တော်ပြီဗျာ ပါးတို့စီသွားတာနောက်ကျတော့မယ်

"ဟားဟား ကောင်းပါပြီ ကောင်းပါပြီ ကိုယ်တော်မစတော့ဘူး ဟုတ်ပြီလား တော်ကြာ ယောက်ခမတော်က သူ့သားကို ပါးနီတွေခြယ်သပေးထားတယ်ထင်နေဦးမယ်

"အရှင်နော်~~

ဝေါယာဉ်ထဲမှာ အရှင်နဲ့အတူထိုင်ကာ မိဘတွေစီသွားရတဲ့ ခံစားချက်က ဘယ်လိုပြောရမလည်း ရင်ခုန်မတက်ပဲ

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Tempat cerita menjadi hidup. Temukan sekarang