အနမ်းတွေနဲ့ည

573 25 3
                                    


ဒီနေ့ဟာ ဈေးလမ်းမှာ လူတွေစည်ကားလို့နေတယ် အထူးသဖြင့် ရန်မိသားစုအိမ်ရှေ့မှာပေါ့ ရန်လင် နဲ့ရန်အော့ က အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း ဝူရှင်းကို နန်းတော်ထဲကိုပို့ဆောင်ပေးရမှာဖြစ်ပြီး ရန်စစ်ချီကတော့ လူယုံအနေနဲ့ လိုက်ပါဖို့ပင်

"သားတော်မဆိုးရဘူးနော် ဟိုမှာ က သွားသတိလာသတိနဲ့နေကြားလား

"ဟုတ်ကဲ့ပါ မား

"သားငယ်

"ဟုတ်ကဲ့ပါ ပါး

"နန်းတော်ထဲမှာ အသက်ရှင်ခြင်ရင် အင်အားအကြီးဆုံးနားမှာပဲနေပါ သူကိုယ့်ကိုအမြဲတမ်း သဘောကျနေအောင် သူ့အလိုလိုက်အကြိုက်ဆောင်ပါ သားတော် အဲ့လိုမှသာ သားတော် အသက်ရှင်နိုင်လိမ့်မယ်

"သားတော်နားလည်ပါတယ် ပါး

"အင်းပါ ပါးကသားကိုအရမ်းစိုးရိမ်တယ် သားကငယ်သေးတယ်လေ ပြီးတော့ လောကကြီးဆိုတဲ့အရာက ကြောက်ဖို့ကောင်းတယ်မလား

"ပါးစိတ်ချပါ သားက တခါနန်းတော်ထဲရောက်ဖူးပါတယ် အဲ့ကလူတွေရဲ့အကျင့်စရိုက်တွေတော်တော်များများကိုသိထားပြီးသားမို့လို့ ဘယ်လိုနေထိုင်ရမယ်ဆိုတာ သားတော်သိပါတယ်

"အင်း အဲ့ဆို သွားတော့လေ အချိန်နှောင်းနေဦးမယ် သားတခုခုဖြစ်တယ်ဆိုတာနဲ့ ပါးတို့ကိုဆက်သွယ် ဟုတ်ပြီလား ပြီးတော့ သားအနားက သားရဲ့အကို ၄ကိုလည်း အကူအညီတောင်း

"ဟုတ်ကဲ့ပါ ပါး

"သွားတော့သား

"ဟုတ်ကဲ့ပါ ပါး မားသားသွားတော့မယ်နော်

"အင်းပါ သားရယ် သတိနဲ့နေထိုင်နော်

ပါးနဲ့မားကို အရိုအသေပေးကာ နှုတ်ဆက်ပြီးတာနဲ့ နန်းတော်ကိုဝင်ဖို့ဝေါယာဉ်ကြီးနဲ့လိုက်ပါသွားတော့တယ်

.

.

နန်းတော်ကို ၁ခါရောက်ဖူးတာမို့လို့ အရှင့်အဆောင်ရှိရာနေရာကိုတော့ မှတ်မိပါတယ် နန်းတော်ထဲရောက်တာနဲ့ အရာရာဟာ ကမ္ဘာအသစ်တခုလိုပင် တယောက်နဲ့တယောက်ဟာ ရာထူးနဲ့သာကြည့်ပြီး အရိုအသေပေးကြတော့တယ် အသက်အရွယ်နဲ့ မဆိုင်ကြတော့ဘူး

အတိုင္းထက္အလြန္(အတိုင်းထက်အလွန်)Where stories live. Discover now