ကေလး(ကလေး)

631 55 7
                                    

Zawgyi

အရှင်နဲ့ နန်းတော်ထဲမှာ အတူနေဖြစ်တာ ဒီနေ့နဲ့ဆို ၃လကျော်ပြီ

အရှင်က အရမ်းဂရုစိုက်တယ် ကျွန်တော့ကို မုယီနဲ့ ကျိုးဟန်စီမှာ သိသင့်တာ သင်ထိုက်တာတွေ သင်ခိုင်းပေမယ့် အရှင်က အားရင်အားသလို လေ့ကျင့်ပေးတယ်

ဒီ၃လကျော်အတွင်း အိမ်ကလူတွေနဲ့တောင်အဆက်အသွယ်မရှိခဲ့ဘူး အရှင့်အနားမှာပဲ နေရင်း အချိန်ဘယ်လိုကုန်လို့ကုန်မှန်းမသိဖြစ်သွားတယ်

မနက်ဆို အတူတူနိုးထ ထမင်းအတူတူစား ပြီးရင် ၂ယောက်စလုံးလုပ်စရာရှိတာလုပ် နေ့လည်စာအတူတူစားတယ် အရှင်က မနက်ပိုင်းညီလာခံရှိတဲ့နေ့ဆို နေ့လည်စားချိန်မှာ ကျွန်တော်နဲ့အတူ တချို့ တိုင်းပြည်ရေးတွေ ဆွေးနွေးတယ် ညဆို အတူတူစားတယ် တနေကုန်လုပ်တဲ့ဟာတွေပြောပြတယ် ပြီးရင်အိပ်တယ်

ထူးထူးခြားခြားဘာမှမရှိပေမယ့် အတူတူနေတာကြာလာတော့ ပိုပြီး ချစ်မိလာတယ်

____________________________________

"တယောက်ယောက်ရှိလား?

ဘေးဘီကိုကြည့်တော့လည်းအမဲ အောက်မှာ နင်းထားတာ ကြမ်းပြင်ကောဟုတ်ရဲ့လားမသိ
အသံဆိုလို့ ကိုယ်​​အော်​လိုက်​တဲ့ တသံထဲသာကြားရတယ်

"(ငါဘယ်​​ရောက်​​နေတာလည်း)

အဆုံးမ​တွေ့ရတဲ့လမ်း ကိုတ​ယောက်​ထဲ​လျောက်​ရင်း တံခါးတခုကို ​တွေ့တာ​ကြောင့်​ တံခါစီအ​ပြေးသွားကာ ဖွင့်​လိုက်​တယ်​ ဘာမှမလုပ်​ရပဲ အမဲထဲ​လျောက်​သွား​နေတာထက်​စာရင်​ ဒီလိုလုပ်​လိုက်​တာပို​ကောင်းမယ်​ထင်​လို့

တံခါးရဲ့အ​နောက်​ဖက်​ဟာ အဖြူ​ရောင်​ကြီးပဲ ဝင်​လိုက်​​တော့မှ နန်း​ဆောင်​လို့​ခေါ်ရမလာ တိုင်​လုံး​တွေသာရှိပြီး အမိုးမရှိ ​ဘေးပတ်​လည်​ဟာလည်းတိမ်​​တွေ

"ငါ​သေသွားတာလား ဒါနတ်​ပြည်​လား ဒါ​ပေမယ့်​လူတ​ယောက်​မှမရှိပါလား

နည်းနည်း​လျောက်​​တော့အ​ဆောင်​တခု​ပေါ်လာတယ်​ 

"ဒီအ​ဆောင်​က ဘာလို့ငါ​တွေ့ဖူးတာပါလိမ့်​ ​နေဦး ဒါအရှင့်​အ​ဆောင်​မဟုတ်​ဘူးလား

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now