661 67 4
Zawgyi
ထူးခြားတဲ့ လိပ်ပြာလွင့်ဆေးကြောင့် သမားတော် ခေါင်းခဲနေရတယ်
"သမားတော်ကြီးပြောချက် အရဆို ထိန်းချုပ်တဲ့လူသေမှပဲပျောက်မယ်ပေါ့ တခြားနည်းမရှိဘူးလား
"လိပ်ပြာလွင့်ဆေး အကြောင်းက သိတဲ့လူရှားတယ် အဆိပ်ကလည်း လွယ်လွယ်မတွေ့နိုင်ဘူးလေ ကျွန်တော်သိ သလောက်တော့ အရင်တုန်းက စုမိဖုရားက ကြင်ယာတော်တွေ ကိုအဲ့ဒါသုံးပြီးသတ်ဖူးတယ်ကြားတယ်
"ညီက စုမိဖုရားကိုဘယ်လိုလုပ်သိမှာလည်း? သူကနန်းချခံလိုက်ရပြီမဟုတ်ဘူးလား
တဲထဲမှာစကားပြောနေတုန်း သား၅ရဲ့ အစေခံကိုသွားခေါ်တဲ့ စစ်ချီပြန်ရောက်လာပြီ
"ပါးသားခေါ်လာပြီ
"စစ်သူကြီးတို့ကို အရိုအသေပေးပါတယ် ကျွန်မက သခင်မကြီးက သခင်လေးကိုစောင့်ရှောက်ဖို့ထည့်ပေးခဲ့တဲ့လဲ့လဲ့ပါ
"ကောင်းပြီ လဲ့လဲ့ မင်းသခင်လေး၅ နန်းတော်ထဲမှာရောက်ကထဲကနေ ဘာတွေလုပ်လည်း ဘယ်သူတွေနဲ့ တွေ့ပြီးစားသောက်ခဲ့လည်းဆိုတာ အကုန်ပြောပါ
"ဟုတ်ကဲ့ပါ သခင်လေး၅က
.
.
.
"သား၅က ၃ယောက်စလုံးနဲ့တွေ့ခဲ့တာပဲ ဒါပေမယ့် မင်မိဖုရားက မဖြစ်နိုင်ဘူး သူကအကျင့်မကောင်းတာမှန်ပေမယ့် မယုတ်မာဘူး
"ပါး သားသိချင်တာတခုရှိတယ်
ရန်အော့ရဲ့စကားကြောင့် ပါးကဘာလည်းဆိုတဲ့သဘောလုပ်ပြတယ်
"မယ်တော်ကြီးက ကျွန်တော်တို့ကို ဟိုကိစ္စဖြစ်ပြီးထဲက မကြည်တာမဟုတ်ဘူးလား ဘာလို့ ဝူရှင်းလေးကိုဘေးခေါ်ထားတာလည်း
"မယ်တော်ကြီးလား?
စစ်ချီကပါ တွေးတွေစစနဲ့ဝင်ပြောလာတယ်
"ပါးသိသလောက်တော့ မယ်တော်ကြီးနဲ့ စုမိဖုရားက တဖွဲ့ဆိုတာပဲ
"သားတော်တို့စစ်တိုက်ရင်တောင် ဒီလောက်မခက်ဘူး အခုတော့ခေါင်းကိုက်ချင်နေပြီ
"ဟူးးး အခု လက်ရှိအခြေအနေအရ ဝူရှင်းကိုစောင့်ကြည့်နေရမယ် စုမိဖုရားသာနောက်ကွယ်ကထိန်းနေတယ်ဆိုရင် ဝူရှင်းအတွက် အန္ဒရာယ်များတယ် မယ်တော်ကြီးဆိုရင် သေချာသတိထားရမယ် ပါးပြောတာသိတယ်မလား
အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now