Special (1)

476 21 1
                                    

🔘Zawgyi🔘

ဆုတောင်း
➖➖➖➖➖➖➖

"ဘဝဆက်တိုင်းသူ့တယောက်ထဲသာချစ်လိုပါ၏ သူ့တယောက်ထဲသာလက်တွဲလိုပါ၏

လူတွေကပြောကြတယ် ဒီဆုတောင်းကမှားယွင်းတယ်တဲ့ ကျွန်တော်တို့၂ယောက်ကတော့ ဂရုမစိုက်ပါဘူး ဘာလို့လည်းဆိုတော့ ဒီဘဝမှာပေါင်းဖက်ဖို့ မသေချာဘူးဆိုတာ ၂ယောက်စလုံးသိတာမို့~~

ကျွန်တော်က ရှီထန် မန်ချီ ဂိုဏ်းရဲ့ ဆက်ခံသူပေါ့ ကျွန်တော့မှာ ညီတယောက်ရှိတယ် သူက မုပိုင် တဲ့ သူက ကျွန်တော့ကို မုန်းတယ် အကြောင်းပြချက်ကရှင်းပါတယ် ကျွန်တော်က သူလိုချင်တာအားလုံးရထားလို့ပဲ

အာဏာလား? ဉာဏ်ပညာလား? ရာထူးလား? ပြီးတော့ အချစ်ရေးလား?

ကျွန်တော့ချစ်သူကောင်မလေးနာမည်က လဲ့ဖန်

သူက ခွန်ရီ ဂိုင်းရဲ့ အပျိုကညာလေး

သူမကို ကျွန်တော်တို့ ညီအကို၂ယောက်စလုံးလိုက်ခဲ့တယ် ဒါပေမယ့် သူမက ကျွန်တော့ကိုပဲရွေးခဲ့တယ်လေ အဲ့ဒါကို ညီကမကျေနပ်ဘူး

ရှင်းရှင်းပြောရရင် အရာအားလုံးပိုင်ဆိုင်တဲ့ကျွန်တော့ကိုသူ သဘောမကျဘူး

လဲ့ဖန် က ချစ်ဖို့လည်းကောင်းတယ် အရာအားလုံးကို သည်းခံခွင့်လွှတ်ပေးတယ် နားလည်ပေးတယ်

ဂိုဏ်းတွေ တခုနဲ့တခုမတည့်ကြတာမို့ ကျွန်တော်တို့၂ယောက်ရဲ့ ချိန်းတွေ့နေရာဟာ နယ်စပ်လေးကတောင်ပေါ်မှာပဲ

အဲ့တောင်မှာဘုရားရှိတာကြောင့် တယောက်နဲ့တယောက် အမြဲအဲ့မှာပဲစောင့်ကြတယ် ဘယ်သူမှတော့မသိဘူး သိလို့လည်းမဖြစ်ဘူးလေ

"လဲ့လေး ကိုယ်လေ မင်းနဲ့ ဘဝဆက်တိုင်း အတူနေလိုပါ၏လို့ပဲ ဆုတောင်းနေမိတယ် ဒီဘဝမပြည့်တောင် ဘဝတထောင့်တနေရာမှာ အတူနေနိုင်ဖို့လေ

"လဲ့လည်း ကို့လိုပါပဲ ပါပါးတို့သာ အဆင်ပြေကြရင် အရမ်းကောင်းမှာပဲ တယောက်နဲ့ တယောက်မလိုမုန်းထားပြီးပြိုင်ကြတာ ဘယ်သူ့အတွက်မှလည်းမကောင်းတာကို

"လူကြီးတွေက သူ့တို့မာနကိုရှေ့တန်းတင်ပြီး အလျော့မပေးချင်ကြလို့ဒီလိုပိုဆိုးနေကြတာ

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now