အဖုအထစ်(အဖုအထဈ)

690 70 1
                                    

Zawgyi

အရှင်လွှတ်ပေးမယ်လို့ပြောတဲ့သမားတော်ဟာ ဆိပ်ကမ်းမှာတုန်းကတွေ့ခဲ့ရတဲ့ လူပင် သူနဲ့တွေ့တာ ဒီနေ့ဆို ၄ရက်ရှိပြီ သူကစေသနာပါပါနဲ့ကုသပေးတယ်

သူ့နာမည်က မုယီ

"ညီ့ခြေထောက်က နည်းနည်းသက်သာလောက်ပြီ လာ အကို့ကိုတွဲလျောက်ကြည့်

"အ!

"ဖြေးဖြေးလျောက်လေ ညီ့ခြေထောက်က အခုမှလမ်းပြန်လျောက်တာဆိုတော့ စိတ်သွားတိုင်း ကိုယ်ပါဦးမှာမဟုတ်ဘူး

"ဟုတ်ကဲ့ပါ ကော(အကို)

"အင်း ဟုတ်ပြီ လာဒီနားကနေ ဟိုထိုင်ခုံနားထိသွားကြည့်ရအောင်

အကိုမုယီက ကျွန်တော့ကိုယ်ကို ထိန်းကိုင်ကာ လမ်းလျောက်လေ့ကျင့်ပေးတယ်

"အကိုမုယီ ကျွန်တော်မရတော့ဘူး

"လာလာ အဲ့ဆို ပြန်ထိုင်ရအောင်

"အကိုမုယီလည်းကျွန်တော့ကြောင့် ပင်ပန်းနေရပြီ

"မဟုတ်တာ ဒါအကို့တာဝန်ပဲလေ

အကိုမုယီက ကျွန်တော်နဲ့အတူ စားပွဲက မုန့်တွေကို ထိုင်စားနေတယ် မသိစိတ်ရဲ့လှုပ်ဆော်မှုကြောင့် အရှင့် အကြောင်းသိချင်လာတယ် အရင်တခေါက်က အရှင်နဲ့စကားပြောနေတယ်ဆိုတော့ သေချာပေါက် သာမန်လူတွေထက် ပိုသိလောက်တယ်

"အကိုမုယီ

"?

"အရှင့်အကြောင်းကျွန်တော့ကိုပြောပြပါလား

"မင်းကြီး? အော် ဘာလည်း ကိုယ်နဲ့ယူမယ့်လူဆိုတော့သိချင်တယ်ပေါ့

"ဟိုလေ ထားပါတော့

"ရပါတယ် အကိုဘယ်ကစပြောပေးရမလည်း သူ့ရဲ့ကောင်းချက်လား မကောင်းတဲ့အချက်လား

"၂ခုစလုံး

"အဲ့ဆို မကောင်းတာစပြောမယ် သူကလိုချင်တာကိုမရရအောင်ယူတက်တယ်

"(သိတယ် ကျွန်တော့ကိုတောင် အဲ့လိုယူတာ)

"သူက စိတ်တိုရင် ဘာမဟုတ်တာလေးနဲ့လည်းလူသတ်ရဲတယ်

"(အဟင့်ကြောက်စရာကြီး)

"သူရဲ့ အနောက်ဆောင်က လူများတယ်

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now