ပြသာနာရဲ့အစ(ပွသာနာရဲ့အစ)

649 62 1
                                    

Zawgyi

ခရီးတထောင့် တညနားကြီး ခရီးဆက်ခဲ့ကြတယ်

မနေ့ညက အင်္ကျီမလဲပဲအိပ်တာသေချာပါတယ် ဒါပေမယ့် ဒီနေ့မနက်ကြတော့ အင်္ကျီကအသစ်တထည်လိုဖြစ်နေတယ် ကျွန်တော်စိတ်ထင်တာပဲနေမှာပါ

တခုခုကိုသိချင်ရင် ထိန်းမရတဲ့စိတ်ကြောင့် အရှင့်မြင်းနားကပ်ကာ

"အရှင်

"ဟင်?

"ဟို အခုဘယ်သွားနေတာလည်း

"မူလူမျိုးတွေစီ

"မူလူမျိုး ဘာလို့လည်း ကျွန်တော်သိလို့ရမလား

"ရှင်းလေးရဲ့ ပါး ဘာမှမပြောဘူးလား

"ဟင့်အင်း

ကျွန်တော်ခေါင်းခါပြတော့

"ရန်စစ်သူကြီးက တကယ်ပဲ သူ့သားသမီးတွေကိုချစ်တာကို ဒီကိစ္စတောင်မပြောဘူးဆိုတော့

"ဘာဖြစ်လို့လည်း အရှင်

"မူလူမျိုးတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ချောင်းကြီး ရပ်တန့်သွားလို့ ရပ်တန့်ရတာလည်း တခြား အကြောင်းမဟုတ်ဘူး ကိုယ်တော် ယောကျာ်းလေးကြင်ယာတော်မြှောက်လို့တဲ့လေ

"ဗျာ အဲ့ဒါဆိုကျွန်တော့ကြောင့်ပေါ့

"သူတို့ပြောတာတော့အဲ့လိုပဲ ကိုယ်တော်ကတော့မထင်ဘူး အဲ့ဒါကြောင့် အခုသွားနေတာလေ

"အော်  (ငါ့ကြောင့်တဲ့လား အားလုံးက ငါ့အပြစ်တွေပေါ့)

"ရှင်းလေး

"ဗျာ

"စိတ်မကောင်းမဖြစ်ပါနဲ့ ကိုယ်တော်က ပြသာနာအရင်းအမြစ်ကိုရှာဖွေးပေးမှာမို့လို့ ကိုယ်တော့လက်ကိုယုံကြည်ပြီးဆွဲကိုင်ထားပါ

"ဟုတ်အရှင်

.
.
.

မူလူမျိုးတွေစီကို မြင်းနဲ့ ၃ရက်ကျော်မောင်းနှင်ခဲ့ရတယ် ပုံမှန်အတိုင်းအေးဆေးမောင်းနှင်ခဲ့တာကြောင့် ပင်ပန်းသည်ဟု လုံးဝမခံစားရပေ သူတို့နယ်ထဲရောက်တာနဲ့ လူတွေရဲ့ ဘဝနေထိုင်နေရပုံကိုကြည့်ပြီး အရှင်က သက်ပြင်းချတယ်

"ဒါဘယ်လိုတွေဖြစ်ကုန်တာလည်း

"မှန်လှပါ အရှင် ကျွန်တော်ဟိုတခေါက်ကလာစစ်တော့ ဒီလောက်မဆိုးသေးပါဘူး

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now