အဆိပ် (အဆိပျ)

669 69 5
                                    

Zawgyi

နွေရာသီပြီပြီ ရာသီဥတုကလည်းပူပြင်ပြလို့နေတယ် တချို့နေရာတွေမှာ ရေရှားပါးမှုဖြစ်ပွားနေတာကြောင့် အရှင်မင်းကြီး လည်းတိုင်းပြည်ရေးနဲ့မအားတော့ပေ

ဒီတလော လေ့လာစုံစမ်းချက်မရ မယ်တော်ကြီး က မင်မိဖုရားနဲ့ မင်းကြီး လက်ထပ်ခဲ့တာကိုသဘောမကျပေ စုမိဖုရားကလည်း မင်မိဖုရားကို မုန်းနေတယ် ရောဂါကိစ္စကို မင်မိဖုရားက သမားတော်နဲ့ပူးပေါင်းလိမ်ထားတာကလည်း သမားတော်က မင်အမတ်ကြီးနန်းတော်ထဲထည့်ပေးထားတဲ့လူမို့လို့ဆိုတာသိခဲ့ရတယ်

"(အရေးကြီးတဲ့အချက်လိုသေးတယ် အရှင်က မင်မိဖုရား ဘက်ကပါတယ်ဆိုတာ သနားလို့လား? ချစ်လို့လား? အရှင်သာ မင်မိဖုရားကိုချစ်တယ်ဆို မင်မိဖုရားက ဘာလို့ ရောဂါရှိတယ်ဆိုပြီး လိမ်တာလည်း )

"ရန်သခင်လေး ဒီနေ့ ရန်အိမ်တော်ကိုပြန်ကြမလား

"ရပါ့မလား လဲ့လဲ့

"ရပါတယ် သခင်လေးရန် ခုနကပဲ မယ်တော်ကြီးက သခင်လေးရန် နားဖို့ ၁ပတ်အချိန်ပေးလိုက်တယ် အိမ်ပြန်နားလေတဲ့

မနေ့က အိမ်ခဏပြန်ုချင်တယ် တောင်းဆိုထားတာကြောင့် မယ်တော်ကြီးက နားရက် ၁ပတ်ပေးလိုက်ပုံပင်

"အဲ့ဆို ပြင်ထားလိုက်တော့လေ

"ဟုတ်ကဲ့ပါ သခင်လေး

"နေဦး ငါတို့ ခိုးထွက်သလိုလုပ်ကြတာပေါ့

"ဟင်? မယ်တော်ကြီးက ပြန်ဖို့ခွင့်ပြုထားတာပဲကို

"ဒါပေမယ့် ခိုးထွက်ရတာပိုအရသာရှိတယ်မလား အိမ်တော်ကခိုးထွက်တုန်းကလိုလေ

"ရန်သခင်လေး၅ သဘောပါရှင့်

"ညဘက် ခိုးထွက်ကြတာပေါ့

"ဟုတ်ကဲ့ပါရှင့်

အိမ်မပြန်ရတာကြာတော့ ပျော်ရွှင်နေတဲ့ လဲ့လဲ့လို ကျွန်တော်လည်းပျော်မိတယ် အိမ်ကလူတွေကိုတွေ့ရတော့မယ်လေ

"(အရှင့်ရဲ့ ခံစားချက်ကို ကျွန်တော်သေချာသိရတော့မှာပါ)

လိုအပ်တဲ့ပစ္စည်းတွေနဲ့ အိမ်ကိုပေးဖို့လက်ဆောင်လေးတွေ သိမ်းဆည်းရင်း ပျော်ရွှင်မှုကထိန်းမရ
.
.
.
.
.

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now