ပထမ အကြိမ် တွေ့ဆုံခြင်း

888 90 0
                                    

Zawgyi

မင်္ဂလာ နေ့ရက်ရွေးပြီးတာကြောင့် အမ၃ကတော့ပျော်ပျော်ကြီးပျော်နေပြီလေ မပျော်သူကတော့ ရန်ဝူရှင်းနဲ့ ရန်စစ်ချီ ပင်

ဒီနေ့ ရန်စစ်ချီနဲ့ ရန်ဝူရှင်းကို ပါး လေ့လာထားသမျှ အရည်အချင်းစစ်မယ်ပြောတာကြောင့် ကြောက်လို့နေလေတယ်

"ရန်စစ်ချီ

"ဟုတ် ပါး

"သွား မင်းအကို ၂နဲ့ ပညာတပွဲလောက်နွှဲစမ်းပါဦး

"ဟို ပါးသားလေ

"မသွားသေးပဲဘာလုပ်နေတာလည်း

ပါးပြောလို့သာ အကို ၂နဲ့ တိုက်ရတော့တယ် တိုက်သာတိုက်တယ် မနိုင်တာကြောင့်

"ရန်အော့ ပြန်လာခဲ့ ဟိုတယောက် သွား မင်းတို့ သခင်လေး ရန်စစ်ချီနဲ့တိုက်

အနားမှာရှိတဲ့ အစောင့်တယောက် နဲ့တိုက်စေခဲ့တယ် သို့သော်

"အားးး

"တောင်းပန်ပါတယ် သခင်လေး၎

ထူဖို့ပြေးလာနေတဲ့ ထိုအစောင့်လေးကြောင့်

"မထူနဲ့ ရန်စစ်ချီ! မင်းအခုချက်ချင်း ဒူးထောက်စမ်း!

ပါးရဲ့ ဒေါသသံဟာ အကုန်လုံးလှုပ်တောင်မလှုပ်ရဲပေ

"မင်းငါမရှိတဲ့အတွင်းလေ့လာမှုလည်းမလုပ် ပြန်လည်းနွှေးပုံမရဘူး အဲ့ဒါတောင်မင်းက စစ်စာမေးပွဲဝင်ဖြေမယ်ပေါ့ မဖြေနဲ့ မင်းအောင်မှာမဟုတ်ဘူး အေး ရန်မိသားစုနာမည်နဲ့အောင်ခဲ့ရင်တောင် မင်းလို့ အစောင့်တယောက်ကိုတောင်မနိုင်တဲ့လူကို မခေါ်ဘူး သွားတော့ ငါအခုမင်းမျက်နှာမကြည့်ချင်ဘူး

"ပါး ကျွန်တော်~

ရန်စစ်ချီဘာမှမပြောရသေးချိန်မှာပင် ပါးကထွက်ခွာလို့သွားပြီ ကျန်ခဲ့သော အကို၂(ရန်အော့) ကအနားလာကာ

"ညီလေး မင်းဘယ်လိုဖြစ်သွားတာလည်း အခုပါးတော်တော်စိတ်ဆိုးသွားပြီ

"...

"ထတော့ လာနားလိုက် ပြီးမှပြန်လေ့ကျင့်ရအောင်

"...

"ညီ၎

"မထဘူး ကျွန်တော် အသုံးမကျလို့ ပါးဒေါသထွက်သွားတာ အစောင့်တယောက်ကိုတောင် မနိုင်တဲ့ကျွန်တော်က ရန်အိမ်တော်ကိုအရှက်ရစေတာမို့လို့ ကျွန်တော့ကိုကျွန်တော် အပြစ်ပေးနေတာပါ လာမဆွဲပါနဲ့အကို ၂

အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now