656 65 0
Zawgyi
ကိစ္စတွေဖြေရှင်းပြီးတာနဲ့ ရန်အိမ်တော်ကို ပြန်လာခဲ့ကြတယ် ရန်စစ်သူကြီးတို့ကိုလည်း နားလည်အောင်ရှင်းပြပြီးခေါ်ခဲ့တယ် အခု လှည်းထဲမှာ ဝူရှင်းလေးကတော့ မင်းကြီးရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်နေတယ်
ချစ်စရာမျက်နှာလေးကို ထိချင်ပေမယ့်  ထိလိုက်ရင် ကြွေကျသွားမှာတောင်စိုးရိမ်ရတယ်
ပေါင်ပေါ်ကကောင်လေးက တဖြေးဖြေးနိုးလာကာ
"ဟင် ဘယ်ရောက်... အရှင်!
ရုတ်တရင်ထထိုင်လိုက်တာကြောင့် မူးသွားသည်ထင်
ယိုင်သွားသည့်သူ့ကိုယ်လေးကို ဖက်ကာ
"ဖြေးဖြေးထမှပေါ့ နေမှမကောင်းသေးတာကို
"ဟို အရှင် ကျွန်တော်ဘယ်ရောက်နေတာလည်း
"ရန်အိမ်တော်ပြန်နေတာလေ
"ဟင် ပါးတို့နဲ့မတွေ့ရသေးဘူး သူတို့က...
"ကိုယ်တော်တို့နဲ့အတူပါပါတယ် ရှင်းလေးဒပင်ပန်းပြီးလဲသွားလို့ ရန်အိမ်ကိုပြန်နေတာ ဟိုမှာမှ ဆေးဝါးလုံလောက်မှုမရှိဘူးလေ( တောင်းပန်ပါတယ် ရှင်းလေ အဆိပ်မိတာတော့ ကိုယ်တော်မပြောချင်ဘူး ရှင်းလေးစိတ်ညစ်မှာဆိုးတယ်ကွယ်)
"အော် ဒါဆို ပါးတို့ကော
"လိုက်ကာဖွင့်ကြည့်လိုက်လေ
လှည်းအပြင်ကို လိုက်ကာမက ဖွင့်ကြည့်လိုက်တော့
အရှေ့က ဦးဆောင်နေတဲ့ ပါးနဲ့ ကော(အကို) တို့~~
"သူတို့ ကျွန်တော့ကို စိတ်ဆိုးနေတယ်မလား
"မဆိုးပါဘူး သူတို့က ကိုယ်တော်ကိုစိတ်ဆိုးနေကြတာပါ
"ဗျာ မဟုတ်ပါဘူး အရှင်စိတ်မကွက်ပါနဲ့နော်
"စိတ်ကွက်စရာလား ကိုယ်တော့အမှားပဲလေ
"မဟုတ်ပါဘူး
"ထားပါ စိတ်ညစ်စရာတွေမတွေးနဲ့ ဟုတ်ပြီလား ခဏနေအိမ်ရောက်တော့မယ် အိမ်မှာ နားနားနေနေ နေဟုတ်ပြီလား အားလုံးပြီးရင် ကိုယ်တော် ပြန်လာခေါ်မယ်နော်
"...
"ရော့
"ဘာလေးလည်း
အတိုင်းထက်အလွန်(အတိုင်းထက်အလွန်)Where stories live. Discover now