"သုံးကလေး… ငါ…"
"မြန်မြန်သွားတော့….."
သုံးကလေးက သူမကိုကာကွယ်ရင်း သူ့ဆီဝင်လာသော ဓါးချက်များကို အသဲအသန်ခုခံနေသည်။ ရာချီသော စစ်သည်တို့ ပြေးဝင်လာသည့်အတွက် သူမကူရမလား၊ ပြေးရမလား ဗျာများသွားချိန် သုံးကလေးက ရန်သူစစ်သည်လေးဦးကို ကိစ္စတုံးပြီးနေချေပြီ။
"မင်း… မသွားသေးဘူးလား…. ငါ တားထားတာ အလကားမဖြစ်စေနဲ့…."
သုံးကလေးက မို့ရန်ကို အော်ဟစ်ပြောဆိုရင်း ရန်သူစစ်သည်အုပ်ထဲ ပြေးဝင်သွားသည်။ မို့ရန်လည်း နီးရာဓါးကိုကောက်ကာ သုံးကလေးနောက် လိုက်သွားရန် ပြေးဝင်သည်နှင့် အစ်ကိုငါးက သူမ၏ဂုတ်ပိုးကို လှမ်းဆွဲပြီး စစ်သည်အချို့ကို တိုက်ခိုက်ကာ ထိုနေရာမှနေ ဖောက်ထွက်သွားသည်။
"အစ်ကိုငါး… ငါ့ကိုလွှတ်… သုံးကလေးတစ်ယောက်ထဲ… သူသေသွားလိမ့်မယ်…"
"……………….."
"အစ်ကိုငါး…. င့ါကိုလွှတ်ပေးပါ…. ဟင့်အင်း… ငါ မလိုက်ဘူး……"
"ဖူအစ်ကိုကြီး သုံးကလေးကို ကူလိမ့်မယ်…. မင်း စိုးရိမ်မနေနဲ့…."
သူမ အစ်ကိုငါးလက်ထဲကလွတ်ရန် အော်ဟစ်ရုန်းကန်သော်လည်း အစ်ကိုငါးက လုံးဝလွှတ်မပေးသည့်အပြင် ခံတပ်နားထိရောက်အောင် ဆွဲခေါ်သွားလေသည်။ တောစပ်နားကျသော ခံတပ်အစွန်နေရာရောက်သောအခါ ခွေးတိုးပေါက်ကို တွေ့သဖြင့် ထိုကနေတဆင့် ခံတပ်ထဲ ဝင်ခဲ့ကြသည်။ အခြားသော သူမတို့၏ စစ်သည်တို့ကို တစ်ယောက်ကို တစ်ယောက်စောင့် ခံတပ်ထဲဝင်နိုင်ရန် ကူကြသည်မှာ မိုးသောက်ချိန်တိုင်သည်အထိ။ ရောင်နီလင်းစပြုချိန်ရောက်သည့်အခါ ခွေးတိုးပေါက်ကနေတဆင့် စစ်သည်တို့ ဂရုတစိုက်ဆွဲသွင်းလာသည့် နောက်ဆုံးမှ ဝင်လာသူကို မို့ရန်တွေ့သောအခါ မို့ရန် ပြေးသွားသည်။
"ဖူအစ်ကိုကြီး…."
"ဖူအစ်ကိုကြီး…. ကျနော့်ကို ကြည့်ပါဦး…"
"အစ်ကိုကြီး…."သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာဗရပွရထားသော ဖူအစ်ကိုကြီးသည် မို့ရန်ခေါ်သံကြောင့် မျက်လုံးကို အားစိုက်ဖွင့်ကြည့်သည်။
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)