part 2

13.5K 1.3K 6
                                    

(Zawgyi)

တစ်ညလုံးအားရပါးရရွာထားတဲ့မိုးဟာ မနက်မိုးလင်းတဲ့အထိ ရွာလို့မကျေနပ်သေးသလိုပဲ.....
တဝေါဝေါရွာချလိုက် တဖြောက်ဖြောက်ငြိမ်သွားလိုက်နဲ့ ကောင်းကင်တစ်ခုလုံးကို အုံ့မှိုင်းနေစေတယ်။

ဝမ်ရိပေါ် သူ့မျက်လုံးတွေကိုမဖွင့်သေးပဲ ကုတင်ရဲ့ညာဘက်အခြမ်းကို အထက်အောက်စုန်ချည်ဆန်ချည်လိုက်စမ်းနေမိတယ်။ ဒါဟာ သူကိုယ်တိုင်တောင်မသိလိုက်ပဲ အိပ်ယာနိုးတာနဲ့လုပ်နေကျအပြုအမူပဲ။

"ကိုယ်က ဒီမှာ"

အနီးအနားက ထွက်လာတဲ့အသံကြောင့် ဝမ်ရိပေါ်ကြိတ်ပြုံးမိသေးတယ်။

"...အင်းးး "

မျက်လုံးတွေကိုဖိပွတ်ပြီး ခေါင်းထောင်ကြည့်လိုက်တော့ ကုတင်ခြေရင်းမှာ အဝတ်အစားလဲရင်း အလုပ်ရှုပ်နေတဲ့ ရှောင်းကျန့်ကိုတွေ့တယ်။
ရှောင်းကျန့်ရုပ်ရည်က ကြည့်ကောင်းတာထက်ပိုပြီးဆွဲဆောင်နိုင်တဲ့ သွင်ပြင်မျိုးဆိုတာ ဝမ်ရိပေါ်လက်ခံတယ်။
ဒါပေမယ့် သူချစ်ခဲ့တာ ဒါတွေကြောင့်မဟုတ်ဘူး..
ရှောင်းကျန့်ရဲ့မျက်လုံးအကြည့်တွေ၊အပြုံးနုနုတွေမှာ အမြဲတွဲလျက်ရှိနေတဲ့ အကြည်ဓာတ်ပါးပါးလေးကို စွဲလမ်းတာ
ဒီလူနဲ့သာဆိုရင် တစ်ဘဝလုံးအေးချမ်းနေနိုင်မယ်လို့ ယုံကြည်နိုင်လောက်အောင် နွေးထွေးတဲ့ ကျန့်ကောရဲ့အကြည်ဓာတ်လေး။

"ဘာတွေကြည့်နေတာလဲ?"

ဝမ်ရိပေါ် မျက်နှာလွှဲပြီးခေါင်းပါခါပြတယ်။ ပြီးမှ ရှောင်းကျန့်ကို နောက်တစ်ခေါက်ထပ်ခိုးကြည့်ပြန်တယ်။
ရှပ်အဖြူနဲ့ရိုးရိုးရှင်းရှင်းဝတ်ထားရင်တောင် ရှောင်းကျန့်က ကိုယ်ယောင်ကိုယ်ဝါတွေတောက်နေပြီ။

ဝမ်ရိပေါ်အတွက် ရှောင်းကျန့်က စမ်းချောင်းလေးနဲ့တူတယ်လို့ တင်စားမယ်ဆိုပါစို့.....
စမ်းချောင်းလေးထဲမှာ အစဉ်မပြတ်စီးဆင်းနေတဲ့ ရေအလျင်ဟာ ဝမ်ရိပေါ်အတွက် ရှောင်းကျန့်ရဲ့အချစ်တွေ ဖြစ်လိမ့်မယ်။
ငြိမ့်ညောင်းတယ် အေးချမ်းတယ် ကြည်လင်ပြီး စိတ်ချမ်းမြေ့စေတယ်...

"အဟင်း"

ဝမ်ရိပေါ်က ကဗျာတွေမဖတ်ပေမယ့် ရှောင်းကျန့်နဲ့ပတ်သက်ရင် နုနုရွရွတွေ တွေးတတ်တဲ့သူ့ကိုယ်သူ ရှက်ရယ်,ရယ်မိတယ်။
ဒါပေမယ့် ဒီနေ့...ဒီစမ်းချောင်းက ရေသိပ်မစီးသလိုပဲ။
ကျန့်ကောရဲ့အာရုံက သူ့ဆီမှာအပြည့်အဝရှိမနေဘူး...

Crazy Something (Completed)Where stories live. Discover now