(Zawgyi)
နေ့ရက်တွေက အတိုင်းထက်အလွန်ကြာညောင်းခဲ့တယ်။
ယင်းထပြီးသောင်းကျန်းတာမျိုးမဖြစ်စေတဲ့ ဓာတ်ငွေ့ကုထုံးရဲ့ side effectတွေက ဆိုးဆိုးဝါးဝါးပဲ။ ကုထုံးပြီးတဲ့နေ့တွေဆို မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဝမ်ရိပေါ်က ဘေစင်မှာခေါင်းစိုက်ပြီး အန်တယ်။ အစာအိမ်တွေနာပြီး ရေတောင်ကောင်းကောင်းမဝင်တော့တဲ့အထိ ပင်ပန်းနေတဲ့အချိန်တွေမှာတောင် ရိပေါ်ကနည်းနည်းလေးမှ မငြီးငြူခဲ့ဘူး။ ကုထုံးပြယ်တဲ့အချိန် ဆေးအပြင်းတွေonတဲ့အခါ ဝမ်ရိပေါ်က မနက်ကနေ,ညအထိ နုံးခွေ့နေတတ်ပြီး...အဲ့ဒီအချိန်တွေမှာတော့ ရှောင်းကျန့်ကို မဆိုသလောက်ဂျီကျတတ်တယ်။
အလိုလိုက်လို့မရတဲ့ကိစ္စတွေကို မျက်နှာတင်းတင်းနဲ့ခေါင်းခါပြဖို့ ရှောင်းကျန့်အတွက်ကျင့်သားမရဘူး။ အားနည်းချက်က သူဖြစ်နေမှန်းသိတဲ့ဝမ်ရိပေါ်က တစ်ခါတစ်ရံမှာ နတ်ဆိုလေးနဲ့တူတယ်။မွ!
ရှောင်းကျန့်ရဲ့ပုခုံးပေါ် နှုတ်ခမ်းဖူးဖူးက ထိထိမိမိရောက်လာတာမို့ လှည့်ကြည့်လိုက်ပေမဲ့ ဝမ်ရိပေါ်ကမျက်လုံးတွေကိုမှိတ်ထားတုန်း။
"နော် လို့? အချစ်...တစ်ခါတည်းကွာ"
"ကိုယ့်စကားနားထောင်လေ...ချစ်တယ်ဆို"
"ဟင်း...ဒါပဲ!"
အဆုံးသတ်က ရိုးရှင်းပါတယ်။
တကယ်တမ်း မလွန်ဆန်နိုင်(မလွန်ဆန်ချင်)တဲ့သူက ဝမ်ရိပေါ်ပဲ ဖြစ်ခဲ့တယ်။ ချော့တစ်ခါခြောက်တစ်လှည့်နဲ့ အခြေအနေကိုတည့်မတ်ပေးတဲ့နေရာမှာ ရှောင်းကျန့်ကပိုတော်တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။...............................
တစ်လကျော် ကြာသွားခဲ့ပြီ။
ဆေးဖြတ်တဲ့ကုထုံး လေးကြိမ်အပြီးမှာ ဝမ်ရိပေါ်ရဲ့အခြေအနေက သိသိသာသာပြန်ပြီးကောင်းမွန်လာပြီး..အိမ်ပြန်ချင်တဲ့ကလေးကို အလိုလိုက်ရမဲ့အချိန်ရောက်လာခဲ့တယ်။ အစိုးရိမ်လွန်တတ်တဲ့ရှောင်းကျန့်က သက်ပြင်းမချနိုင်သေးဘူး။ ဝမ်ရိပေါ်ကို မျက်စိရှေ့ကအပျောက်မခံသလို အရိပ်တကြည့်ကြည့်။ သန့်စင်ခန်းသွားဖို့မတ်တပ်ရပ်ရင်တောင် ထိတ်ခနဲပြာခနဲလှုပ်ရှားသွားတတ်တဲ့ မျက်ဆံနက်တွေကို သတိထားမိတဲ့အခါ ဝမ်ရိပေါ်က ပိုတိုးပြီးစ,ချင်လာတယ်။
YOU ARE READING
Crazy Something (Completed)
Fanfiction▶just pieces of pain◀ (Wang Yibo * Xiao Zhan)